တနင်္သာရီတိုင်း၊ ထားဝယ်မြို့ တွင် ယနေ့ ရွေးကောက်ပွဲ ပြုလုပ်သည့်နေ့ တနင်္သာရီတိုင်းဒေသကြီး အစိုးရတိုင်းရုံးတွင် လက် နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ၍ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင် စစ်ရေးသတင်းရင်း မြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် အစောပိုင်း ၆ နာရီခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က အင် အားအလုံးအရင်းဖြင့် တပ်စွဲထားသော ထားဝယ်မြို့ အစိုးရတိုင်းရုံးကို လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်၏ တိုင်းရုံးအတွင်းရှိ အဆောက်အဦးများ ထိမှန်ပျက်စီးခဲ့ပြီး တနင်္သာရီတိုင်း လ၀က ညွှန်မှူး ၁ ဦးနှင့် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး သေဆုံးသည်ဟု ဒေသတွင်းစစ်ရေးသတင်းရင်းက ပြောဆိုသော်လည်း ရန်ကုန်ခေတ် သစ် သတင်းဌာနအနေဖြင့် သီးခြား အတည် ပြုနိုင်ခြင်းမရှိသေးပေ။
“စစ်ခွေးရွေးကောက်ကို ဆန့်ကျင်ကြောင်းပြသတဲ့ အနေနဲ့ ဒီနေ့ နံနက်ပိုင်းတည်းက လက်နက်ကြီးတွေနဲ့ စဆော်နေတာလို့ သိရတယ်။ လ၀ကတိုင်း ညွှန်မှူးလည်းသေတယ်။ တိုင်းရုံးမှာလည်း လက်နက်ကြီးထိမှန်ပြီး စစ်ခွေးအရာရှိ ၁ ကောင် သေတယ်။ စစ်ခွေးတွေ ထိခိုက်တာတွေရှိတယ်။ ထား၀ယ် တိုင်းရုံးထဲက အဆောက်အဦးတခြမ်းထိသွားပြီး တခြမ်းပြိုသွားတယ်” ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထိုသို့ ပေါက်ကွဲသံများ ထွက်ပေါ်နေကြောင်းကို ထားဝယ်မြို့နေ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ အတည်ပြုပြောဆိုပြီး အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အစိုးရတိုင်းရုံးဘက်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“ဒီနေ့ နံနက် အစောပိုင်းတည်းက မြို့ထဲကနေ ပေါက်ကွဲသံတွေထွက်နေတာ ရုံကြီး(အစိုးရတိုင်းရုံး) ဘက်က လာတဲ့ အသံတွေပဲ လက်နက်ကြီးအသံတွေ တောက်လျှောက်ကြားနေရတာ အခုလည်း နောက်တစ်လုံး မြို့ထဲထပ်ကျတယ်။ စုစုပေါင်း ၄ လုံးလောက်ရှိပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ထားဝယ်မြို့ပေါ်တွင် လက်နက်ကိုင်ဆောင်ထားသော စစ်သား အင်အား ၃၀၀ ကျော်ကိုထပ်ဖြန့်ထားပြီး စစ်ကား ၁၈ စီးပါ ယာဉ်တန်းဖြင့် ကင်းလှည့်နေကြောင်း သိရသည်။




