23 C
Yangon

ရန်ကုန်တိုင်းအတွင်းရှိ မဲရုံများတွင် မဲပေးသူမရှိ၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက မဲပေးကြရန် အိမ်တိုင် ရာရောက် လိုက်လံ ခေါ် ယူခြိမ်းခြောက်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းအတွင်းရှိ မဲရုံများတွင် မဲပေးသူမရှိဖြစ်နေ၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများကို မဲလာပေးကြရန် အိမ်တိုင်ရာရောက် လိုက်လံ ခေါ် ယူခြိမ်းခြောက်လျက်ရှိကြောင်း ခေါ်ယူခံရသည့် ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်နှင့်ပျူစောထီးများက အိမ် တိုင်ရာရောက် မဲနံပါတ်များလိုက်လံပေး၍ မဲလာပေးရန် လိုအပ်ကြောင်း၊ မဲလာရောက် ပေးသည်၊ မဲပေး သည်ကို မဲစာရင်းနှင့် ပြန်လည် တိုက်ဆိုက် စစ်ဆေးမည်ဟု ခြိမ်းခြောက်လာကြောင်း သိရှိရသည်။

“မရမ်းကုန်း ၁ ရပ်ကွက် အုပ်ကြီးစိန်ဝင်းမြင့်နဲ့အဖွဲ့က မဲစာရင်းနံပါတ်တွေ လိုက်ပေးပြီး မဲလာပေးခိုင်းတယ်။ မဲမပေးရင် စာရင်းမှာ ပေါ်တယ်ပေါ့။ လာပေးပေါ့။ ဆိုင်ခန်းတွေကိုလည်း လိုက်ပြီး ဖိအားပေးတယ်။ မဲမပေးရင် ဆိုင် ပိတ်ပစ်မယ်ပေါ့။ အဲဒီလိုတွေ လုပ်တယ်” ဟု မရမ်းကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက်မှ ပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ စံပြရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက် ၁၇၊ ၁၉၊ ၂၀၊ ၂၅ ၊၁၅၃ ရပ်ကွက်များတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပျူစောထီးများက အိမ်တိုင် ရာရောက် မဲလာပေးကြရန် လိုက်လံ ခေါ်ယူနေကြောင်း သိရှိရသည်။

“အိမ်က သားက အလုပ်သွားနေတယ်ဆိုတာလည်းမရဘူး။ တနင်္ဂနွေနေ့ကြီး အလုပ်သွားစရာလား။ မဲလာပေး။ မပေးရင် သူတို့ အဆိုးမဆိုနဲ့ဆိုပြီး ပြောသွားတယ်။ ဘာလုပ်မယ်ဆိုတာတော့ မပြောဘူး။ အဲဒါကို သားကို ဖုန်းလှမ်းဆက်ခေါ်ပြီး မဲပေးခိုင်းဖို့ ခေါ်ထားတယ်။ ရပ်ကွက်ထဲက လူမိုက်တွေနဲ့ အရက်သမားတွေ၊ ဘေးတွဲသမားတွေ အိမ်ထဲဝင်လာပြီး ပြောသွားတာ” ဟု ဒဂုံမြို့သစ်တောင်ပိုင်း အမှတ် ၁၅၃ ရပ်ကွက်မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ သန်လျင်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင်လည်း ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန်အထိ မဲလာမပေးသည့် နေအိမ်များကို ပျူစောထီးများနှင့် ဆယ်အိမ်မှူးများက မပျက်မကွက် မဲလာပေးရန် လိုက်လံ ခေါ်ယူနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- သင်္ဃန်းကျွန်းမြို့နယ်တွင် မဲပေးသူမရှိဖြစ်နေသည့် မဲရုံတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article