28 C
Yangon

စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ပူးပေါင်းဆောင်ရွက်သည့် ပါတီဝင် ၉ ဦးကို NLD ထပ်မံထုတ်ပယ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ တားမြစ်ချက်ကို မျက်ကွယ်ပြု၍ အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် အားပေးကူညီခြင်းများ ပြုလုပ်သည့် ပါတီဝင် ၉ ဦးကို ပါတီဝင်အဖြစ်မှ ထပ်မံထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

NLD ပါတီ၏ ကြားကာလဗဟိုကော်မတီ အစည်းအဝေးများတွင် အကြမ်းဖက်စစ်တပ်၏ နိုင်ငံရေးတရားဝင်မှု ရရှိစေရန် ရည် ရွယ်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ထုတ်ပြန်တားမြစ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်နေသူများသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်သူများဖြစ်သည်ဟု သတ်မှတ်ကာ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့ ထုတ်ပယ်ခံရသူ ၉ ဦးမှာ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ပါတီဝင်များနှင့် အလုပ်အမှုဆောင်များ ဖြစ်ကြပြီး

၁။ ဒေါ်ခင်ညို (အဖွဲ့ဝင်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့၊ ရပ်စောက်မြို့နယ်၊ ရှမ်းပြည်နယ်)

၂။ စိုင်းဆေဟန် (ပါတီဝင်၊ လင်းခေးမြို့နယ်၊ ရှမ်းပြည်နယ်)

၃။ ဦးဇော်မင်း (ဥက္ကဋ္ဌ၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့၊ ရေကြည်မြို့နယ်၊ ဧရာဝတီတိုင်း)

၄။ ဦးသန့်ဇော်ဝင်း (အဖွဲ့ဝင်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့၊ မြောင်းမြမြို့နယ်၊ ဧရာဝတီတိုင်း)

၅။ ဒေါ်ခင်မျိုးသက် (ပါတီဝင်၊ မအူပင်မြို့နယ်၊ ဧရာဝတီတိုင်း)

၆။ ဦးဝင်းမြင့်သန်း (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ၇၊ ပါတီဝင်၊ လသာမြို့နယ်၊ ရန်ကုန်တိုင်း)

၇။ ဦးသူရအောင် (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ၈၊ အဖွဲ့ဝင်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်း)

၈။ ဦးနေဝင်းထွန်း (ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့၊ ၂၁ ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်း)

၉။ ဦးမြင့်ဦး (ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့၊ ရှမ်းတဲကြီးရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်း) တို့ ဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း အတုအယောင် ရွေးကောက်ပွဲတွင် ပူးပါင်းခဲ့သည့် ပါတီဝင် ၂၀ ဦးကို အမည်စာရင်းနှင့်တကွ ပါတီဝင်အဖြစ်မှ ထုတ်ပယ်သည်ဟု ကြေညာခဲ့ပြီး အဆိုပါ ကြေ ညာချက်တွင် ပါဝင်ခဲ့သူ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် အလုပ် အမှုဆောင်အဖွဲ့ဝင် ဦးသန်းထိုက်အောင် အား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းကို ပယ်ဖျက်ကြောင်းလည်း NLD က ကြေညာထားသည်။

NLD ပါတီအနေဖြင့် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေး ကောက်ပွဲရလဒ်ကို အကြမ်းဖက် စစ်တပ်က ငြင်းဆန်ကာ အာဏာလုယူခဲ့မှု၊ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော်အကြီးအကဲများကို မတရားဖမ်းဆီးထားခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD သည် မဲဆန္ဒနယ်အားလုံး၏ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပြီး ကိုယ်စားလှယ် ၉၂၀ ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ရလဒ်အပေါ် ခိုင်ခိုင်မာမာ ရပ်တည်နေကြောင်း NLD က ထုတ်ပြန်ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article