27 C
Yangon

ကော့သောင်းမြို့နယ်တွင် ရွေးကောက်ပွဲနေ့ လုံခြုံရေးယူထားသော စစ်သင်္ဘောနှင့် စက်လှေများကို တော်လှန်ရေးတပ်များက ပူးပေါင်း တိုက်ခိုက်မှု စက်လှေတချို့ ပျက်စီးပြီး စစ်သားများ ထိခိုက်မှုများ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ရွေးကောက်ပွဲနေ့ လုံခြုံရေးယူထားသော စစ်သင်္ဘောနှင့် စက် လှေများကို တော်လှန်ရေးတပ်များက ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ်၊ လိုကယ် ပျံလွှားပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူ ရဲဘော်ဖီးလ်နစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ နံနက် ၈ နာရီမှ နံနက် ၁၀ နာရီအချိန်အထိ စစ်တပ်၏ ရွေး ကောက်ပွဲ လုံခြုံရေးအတွက် ကော့သောင်းမြို့မှ အင်အား ၃၀ ကျော်လိုက်ပါသော စစ်သင်္ဘောငယ် ၁ စီးနှင့်စက်လှေ ၄ စီးဖြင့် ထွက်လာသော စစ်တပ်စစ်ကြောင်းကို ကော့သောင်းမြို့နယ် မလိ၀မ်း‌ ကျေး ရွာ မလိ၀မ်းချောင်း၀ အနီးအရောက်တွင် တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ၃ နာရီကြာ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်သင်္ဘော ၁ စီး ပျက်စီးသွားကြောင်း၊ စစ်သား အများ အပြားဒဏ်ရာရရှိကာ အထိနာသောကြောင့် လက်နက်ကြီးပစ်ကူများ အဆက်မပြတ်ပေးခဲ့ကြောင်း၊ ယင်းနောက် ပျက်စီးသွားသော စစ်သင်္ဘောနှင့် ဒဏ်ရာရ စစ်သားများကို သယ်ဆောင်ကာ ကော့သောင်းမြို့ဘက်သို့ စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“စစ်တပ်ဘက်က သေဆုံးထိခိုက်မှု အတိအကျတော့ မသိရပါဘူး။ စစ်သင်္ဘော ၁ စီးတော့အပျက်အစီးများတယ်။ အဲဒီအပေါ်မှာပါတဲ့သူတွေ အထိခိုက်များမယ်။ အထိအခိုက်ဦးရေအတိကျတော့မသိရသေးဘူး။ စုံစမ်းနေတယ်။ သူတို့ကချက်ချင်းကော့သောင်းမြို့ထဲမောင်းပြေးသွားတယ်” ဟု ရဲဘော်ဖီးလ်နစ်က ပြောဆိုသည်။

လတ်တလော ကော့သောင်းမြို့နယ်တွင် စစ်ရေးအရှိန်မြင့်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိ အမြဲရှိကြပြီး စစ်ကော်မရှင်ပြုလုပ်သော အတုယောင်ရွေးကောက်ပွဲများတွင် မပူးပေါင်း မပါဝင်ဘဲ ၀ိုင်းဝန်းတိုက်ဖျက်ကြရန် ရဲဘော်ဖီးလ်နစ်က တိုက်တွန်းသည်။

ပျံလွှား(LPDF)ပျောက်ကြားတပ်ဖွဲ့အနေဖြင့် စစ်ကော်မရှင်၏ အတုယောင်ရွေးကောက်ပွဲကို ရှုံ့ချကန့်ကွက်ပြိး လုပ်ထုံးလုပ်နည်းအတိုင်း တိုက်ဖျက်သွားမည်ဖြစ်ပြီး စစ်ကော်မရှင်၏ အတုယောင်ရွေး ကောက်ပွဲတွင် ပူးပေါင်းပါဝင် အားပေးကူညီဆောင်ရွက်နေသော မည်သည့်အဖွဲ့အစည်းဖြစ်စေ မည်သူ့ကိုဖြစ်စေ ပျံလွှား(LPDF)ပျောက်ကျားတပ်ဖွဲ့ က ရေးယူဆောင်ရွက်သွားမည်ဟု သတိပေးထားသည်။

အဆိုပါ စစ်ဆင်ရေးကို ပျံလွှားပျောက်ကြားတပ်ဖွဲ့နှင့် ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)၊ကော့သောင်းမြို့နယ်မြို့ပြသမန်းကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article