26 C
Yangon

ရေးမြို့အတွင်း လူငယ်များကို မတရားစစ်မှုထမ်းခိုင်းခြင်း၊ ငွေညှစ်ခြင်းများ ကျူးလွန်နေသည့် နယ်ထိန်း တပ်ကြပ်ကြီး ဘုန်းမြင့်ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မွန်ပြည်နယ် ရေးမြို့အတွင်း လူငယ်များကို မတရားစစ်မှုထမ်းခိုင်းခြင်း၊ ငွေညှစ်ခြင်းများ ကျူးလွန်နေသည့် ခရိုင်နယ်ထိန်း တပ် ကြပ်ကြီး ဘုန်းမြင့်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ ၏ ခေါင်းဆောင် တပ်ရင်းမှူးရေးဘီလူးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ရေးမြို့နယ် သီရိခေမာရပ်ကွက်အတွင်း တပ်ကြပ်ကြီး ဘုန်းမြင့်ကို ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း၊ သေနတ် ၃ ချက်ထိမှန်ခဲ့ပြီး ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ ခရိုင်တပ်ကြပ်ကြီး ဘုန်းမြင့်ကို သီရိခေမာ ရပ်ကွက်ဆွမ်းလောင်းရုံအနီးမှာ သုတ်သင်ရှင်း လင်းလိုက်တယ်။ သူ့ကို လိုက်နေတာ ကြာပြီ။ သူက ပစ်ရခက်တယ် အရမ်းပါးနပ်တဲ့ လူတစ်ယောက်လည်း ဖြစ်တယ်။ သူက ရေးမြို့မှာ တာဝန်ထမ်းဆောင်တာ ၁၅ နှစ်ကျော်ပြီ။ သူက ရာထူးလည်း မြင့်တယ်။ တစ်ခါတလေကျရင် ခရိုင်မှူး PSO ပုံစံမျိုးနဲ့လည်း ခရိုင်မှူးနားနေရတာ ရှိတယ်။ သူက ရဲစခန်းမှာ နေတာ များတယ်”ဟု ရေးဘီလူးတပ်ဖွဲ့ တပ်ရင်းမှူးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံတပ်ကြပ်ကြီး ဘုန်းမြင့်သည် လူငယ်များကို မတရားစစ်မှုထမ်းခိုင်းခြင်း၊ ငွေညှစ်ခြင်းများ အပြင် ကစားဝိုင်းထောင်ခြင်းကဲ့သို့ ရာဇဝတ်များကို ကျူးလွန်နေသူ ဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article