25 C
Yangon

ဆင်ဖြူကျွန်းမြို့သို့လာသော စစ်ကူလက်နက်ခဲယမ်းတင်စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၄၅ ဦး ထက်မနည်းသေဆုံးပြီး စစ်ကား ၅ စီးပေါက်ကွဲပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့သို့လာသော စစ်ကူလက်နက်ခဲယမ်းတင်စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄၅ ဦး သေဆုံးပြီး စစ်ကား ၅ စီးပေါက်ကွဲပြာကျခဲ့ကြောင်း မကွေးတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၇ နာရီခန့်တွင် စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ ဦးတည်ထွက်ခွါလာသော အင်အား ၁၇၀ ခန့်ပါဝင်သည့် စစ်တပ် စစ်ကူစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်း၌ ပါရှိသည့် လက်နက်ခဲယမ်းနှင့် ဒရုန်းများ တင်ဆောင်လာ သော မော်တော်ယာဉ် ၅ စင်းစလုံး နေရာတွင်ပင် ပေါက်ကွဲပျက်စီးပြီး စစ်သား အများအပြား ထိ ခိုက်သေဆုံးကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

“လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ကား ၅ စီးနဲ့အတူ အင်အား ၁၇၀ လောက်ပါတယ်။ ဒီကားတွေ ကို နောက်ထပ်နေရာရွှေ့ဖို့လား၊ ဘာလုပ်ဖို့လဲ မသိဘူး။ ရပ်ပြီးတော့ ဒေသက ဦးဇင်းတစ်ပါးနဲ့ စကား ပြောနေတာ၊ အဲလိုပြောနေတဲ့အချိန်မှာပဲ တော်လှန်ရေးအင်အားစုတွေဘက်က အဲဒီကားကို RPG လို လက် နက်မျိုးနဲ့ ပစ်ထည့်လိုက်တာ။ အဲလို ပစ်တဲ့လိုက်တဲ့အခါမှာ အဲဒီလက်နက်ကားက ပေါက်ကွဲပြီး တော့ အဲဒီကားပေါ်မှာပါတဲ့ ယမ်းတွေ၊ ကျည်တွေက ဆင့်ကဲ့ပေါက်ကွဲပြီးတော့ အဲဒီကား တွေပေါ်မှာ ပါတဲ့ စခတော်တော်များများက သေဆုံးသွားတာ၊ သူက ၁၇၀ လောက်ပါတာမှာ အနည်းဆုံး ၄၅ ယောက်လောက်တော့ အဲဒီနေရာမှာတင် သေဆုံးတယ်၊ အဲဒါကို လူနာတင်ကား ၅ စီးနဲ့ ခေါက်တုံ့ ခေါက်ပြန်သယ်သွားတယ်လို့ မျက်မြင်တွေ့ရှိတဲ့သူတွေက ပြောပါတယ်။” ဟု မကွေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှုမှာ ပခုက္ကူမြို့ အခြေစိုက်၊ တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၂၅၃ ၊ ၂၅၄ ၊ ၂၅၅ တပ်များနှင့် ၈ မိုင်ခန့်အကွာ စလင်းမြို့နယ်၊ သာစည်ကျေးရွာအနီး၌ ဖြစ် ပွားခဲ့ကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ခံရသော နေရာအနီးအနားရှိ သာစည်ကျေးရွာတစ်ရွာလုံးကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရသည်။

“လာတာကတော့ စလင်းဘက်ကလာတာ၊ ဖြစ်စဉ်ဖြစ်သွားတာကတော့ သာစည်ရွာနားပေါ့၊ အဲဒါ ကြောင့်လည်း သာစည်ရွာကို မီးရှို့ဖျက်ဆီးသွားတယ်။ သူတို့လမ်းကြောင်းရှင်းတဲ့ သဘောမျိုးလည်း ပါမယ်။ အဲဒီကားတွေက တပ်မ ၁၀၁ လက်အောက်ကနေလာတယ်လို့ သိရတယ်။ အဲဒီနားမှာ ၂၅၃ ၊ ၂၅၄ ၊ ၂၅၅ ဆိုပြီးတော့ ဆင်ဖြူကျွန်းနဲ့ ၈ မိုင်လောက်ဝေးတဲ့နေရာမှာ တပ်ရင်း ၃ ရင်းရှိတယ်။ အဲဒီ တပ်ရင်း ၃ ရင်းလောက်ရှိတဲ့နေရာမှာကိုပဲ ဒီလက်နက်ခဲယမ်းကား ၅ စီး ဖြတ်တိုက်ခံလိုက်ရတာ၊ အ ကုန်လုံးပျက် စီးဆုံးရှုံးသွားတော့ အဲလိုမျိုးနောက်ထပ်ကားတွေမလာနိုင်ဘူး။ မလာနိုင်တဲ့ အတွက် လေထီးတွေနဲ့ချတာ၊ လေထီးတွေနဲ့ချတဲ့အခါမှာလည်း ကိုယ့်ဘက်က ရလိုက်တဲ့ အထုပ်တွေ လည်း ရှိတယ်လို့ ကြားတယ်။” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ဒီဇင်ဘာလ ၂၃ ရက် နံနက်အာရုဏ်တက်ချိန်တွင် အကြမ်းဖက်စစ်ကော်မရှင်က အတုအယောင် ရွေး ကောက်ပွဲ ပထမအကြိမ် ကျင်းပမည့် မကွေးတိုင်းအတွင်းရှိ စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ် အပါအ ဝင် မြို့နယ်ပေါင်း ၆ မြို့နယ်မှ စစ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ် ဌာန ၏ ဦးစီးကွပ်ကဲမှုဖြင့် စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ် ကော်မ ရှင်၏ အုပ်ချုပ်ရေး နှင့် စစ်ရေး ကဏ္ဍဆိုင်ရာ အခြေခံအဆောက်အဦးများကို မီးရှို့ဖျက်စီး နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်တပ်က ပြည်သူလူထုကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်ရာတွင် အသုံးပြု သော လေယာဉ်ဗုံးများ ထုတ်လုပ်ရာ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ ၂၁ ၊ ကပစ ၂၂ နှင့် လက်နက် ကြီး ကျည်ဆံများထုတ်လုပ်ရာ ပေါက်မြို့နယ်အတွင်းရှိ ကပစ ၂၄ တို့ကို သွယ်တန်းထားသော လျှပ် စစ်မဟာဓါတ်အားလိုင်းမှ ဓါတ်တိုင်ပေါင်း ၁၀၀ ကျော်ကို တပြိုင်နက်တည်း မိုင်းခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“ပြီးတော့ ကပစ သီးသန့်သုံးနေတဲ့ ဓာတ်အားတိုင်တွေကိုလည်း မကွေးတိုင်း စစ်ဌာနကွပ်ကဲရေး ဌာ န အစီအစဉ်နဲ့ပဲ ဖြတ်တောက်နိုင်ခဲ့တယ်။ မကွေးတိုင်းစစ်ဌာနကွပ်ကဲနယ်မြေအတွင်းမှာရှိတဲ့ မြို့ နယ် ၆ မြို့နယ်ရဲ့ စစ်ရေး ပစ်မှတ်တွေကို ဟန်ချက်ညီညီဆောင်ရွက်နေတာဖြစ်တယ်။ နောက်ပြီး တော့ တိုင်းစစ်ဌာနကွက်ကဲရေးရဲ့ အစီအစဉ်ပဲ၊ ပကဖ၊ Local အားလုံးသည်ပင် ဒီစစ်ဆင်ရေးရဲ့ တ စိတ်တပိုင်းဖြစ်တယ်။ နဂိုကတည်းက တိုင်းစစ်ဌာနကွက်ကဲမှုနဲ့ ဟန်ချက်ညီညီလှုပ်ရှားမှုတွေ လုပ် လာနိုင်မှုက ကွက်ကဲရေးတွေလည်း တိုးတက်မှုရှိတယ်။ လိုက်ပါ ဆောင်ရွက်နေတဲ့ ရဲဘော်တွေရဲ့ နာခံဆောင်ရွက်နိုင်မှုနဲ့ ဒီစစ်ဆင်ရေးဖော်ဆောင်နိုင်မှု တိုက်စွမ်းရည်ကလည်း တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယခုအခါ စလင်းမြို့နယ်အတွင်းရှိ စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့ကို တော်လှန်ရေးအင်အားစု များမှ ဝန်းရံပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန် ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံလျက် အ ကြမ်းဖက်စစ်ကော်မရှင်ကို ဘက်ပေါင်းစုံမှ စဉ်ဆက် မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိကြောင်း NUG ကာကွယ် ရေး ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article