23 C
Yangon

ကသာမြို့ပေါ်ထိ တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေပြီး ခမရ ၃၀၉ တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေ၊ စစ်သား ၅၀ ကျော် အရှင် ဖမ်းမိထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်ထိ တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေပြီး ခမရ ၃၀၉ တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေကာ စစ်သား ၅၀ ကျော် အရှင် ဖမ်းမိထားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ညပိုင်းမှစတင်၍ စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်နေသည့် ကသာမြို့ကို KIA ၊ PDF ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းတွင် ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ စစ်သားနှင့် ရဲများ ထွက်ပြေး ဆုတ်ခွာသွားကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များသည် ကသာမြို့ပေါ်သို့ ရောက်ရှိလာပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၅၀ ကျော်ကို လက်နက်ခဲ ယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း၊ လက်ရှိချိန်တွင် ကျန်ရှိနေသော အကြမ်းဖက် စစ်တပ်၏ ခမရ ၃၀၉ တပ်ရင်းကို ထပ်မံ ဝင်ရောက်တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကျဲ ခုခံနေကြောင်း သိရသည်။

“ကသာမှာရှိတဲ့ တစ်ခုတည်းသော စစ်တပ်ရဲ့ ခမရ ၃၀၉ တပ်ရင်းကို ဆက်လက် တိုက်နေဆဲပါ။ ကသာမြို့ထဲ တော်လှန်ရေးတပ်တွေ ဒီနေ့ဝင်ပြီ စစ်ခွေး အရှင် ၅၀ ကျော်ဖမ်းမိတယ်။ ကသာ ထွေ/အုပ်ရုံးနဲ့ ရဲစခန်း အကုန်ထွက်ပြေးကြပြီ ကသာမှာက တပ်မ ၇၇ လက်အောက်ခံ ခလရ တပ်ရင်းလည်းရှိတယ်။ ရှမ်းနီ ပြည်သူ့စစ်တွေလည်းရှိတယ်။ အင်အား ၆၀၀ ကျာ်ရှိတယ်။ တံတားဦးနဲ့ မိတ္ထီလာကနေတက်လာတဲ့ ဖိုက်တာတွေနဲ့ ကသာကို ပြင်းပြင်းထန်ထန် ဗုံးကျဲတိုက်ခိုက်နေပါတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article