31 C
Yangon

ရေတာရှည်မြို့နယ်၊ အိုးမြေတူးရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၃ ဦး အရှင်ဖမ်းမိကာ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အိုးမြေတူးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၃ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထနောင်းစစ်ကြောင်း တပ်ရင်းအမှတ် (၈၀၅) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ အိုးမြေတူးကျေးရွာ၌ အင်အား ၆၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တပ်ရင်း အမှတ် ၈၀၅ ၊ ထနောင်းစစ်ကြောင်း၊ အမှတ် ၉၀၁ တပ်ရင်း နေပြည်တော် PDF နှင့် သံတောင်မြောက်ပိုင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အိုးမြေတူးကျေးရွာ အထိုင်စခန်းနှင့် ကျေးရွာအတွင်းရှိ ကင်းစခန်းများ အားလုံးကို တော်လှန်ရေး တပ်ဖွဲ့များက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သားများ အထိနာ၍ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး ဒဏ်ရာရစစ်သားများကို စစ်တောင်းမြစ် အနောက်ဘက်ကမ်းသို့ခေါ်ဆောင်၍ ထွက်ပြေးသွားကြောင်း၊ ထို့ပြင် တိုက်ပွဲ၌ စစ်သား ၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၃ ဦးကိုလည်း အရှင် ဖမ်းဆီးရမိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၁ ဦး ကျဆုံးကာ ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ၆၀ မမ ၁ လက်၊MA -13 သေနတ် ၁ လက် ၊ RPG ၆ လုံး၊ ပို့ယမ်း ၉ ခု ၊ MA -13 ကျည်ဘောက် ၃ ခု ၊ 9 mm ကျည်တချို့၊ 60 ဗုံး ၂ လုံး၊ 5.56 ကျည် တချို့၊ ရှေ့ထွက်မိုင်း ၅ လုံး၊ စစ်သုံးပစ္စည်းတချို့၊ ဆိုလာနှင့် ဘတ္ထရီ များ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်

“စစ်ခွေးတွေက မြစ်တစ်ဘက်ကမ်းကို ထမ်းပြေးကြတာ ဒုတပ်ကြပ် တစ်ဦးနဲ့ တပ်သား ၂ ဦးကို ဖမ်းမိထားတယ်။ သူတို့ပြောစကားအရဆို စစ်ခွေး သေတာ ၅ ဦးအထက်ရှိတယ်။ မြစ်အရှေ့ဘက်ကမ်း ကနေ အနောက်ခြမ်းက သူတို့ အထိုင်ချထားတဲ့ ရွာတွေဘက် ဆုတ်သွားတာ လက်ရှိမှာ ဖမ်းမိထားတဲ့ သူတွေကို ဘယ်လိုအရေးယူဆောင်ရွက်သွားမလဲဆိုတော့ စစ်သုံးပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး MOD ရဲ့ လမ် ညွှန်ချက်နဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့တပ်ရင်း၈၀၅ ထနောင်းစစ်ကြောင်း အနေနဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ် ၃ စစ် အမြစ်ပြတ်ရေး အတွက် စစ်ရေး အရှိန်တွေ ထပ်မံ မြင့်တင်ပါမယ် လို့ တော်လှန် ပြည်သူတွေကို ကတိစကားပါးလိုက်ပါတယ်” ဟု ထနောင်းစစ်ကြောင်း တပ်ရင်းအမှတ် (၈၀၅)မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်စည် စစ်ကူအင်အားများဖြည့်၍ ပြန်လည် စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲ အနည်းငယ် ဆက်လက်ဖြစ်ပွားနေကြောင်း၊ စစ်တောင်းမြစ်ကမ်းဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြပါရန် Nay Pyi Taw PDF တပ်ရင်း ၈၀၅ မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article