29 C
Yangon

မင်းဘူး-အမ်း လမ်းပိုင်းရှိ စစ်တပ် ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး -အမ်း လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် -အရှိုမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်တွင် ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်၊ အမှတ် ၄၀၉ အမြောက် တပ်စခန်းအနီး၊ မင်းဘူး-အမ်းလမ်းပေါ်ရှိ စာတတ်ကူကာကင်းစခန်းဂိတ်ကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိ ကာ တပ်နယ်လူနာတင် ကား ၂ စီးဖြင့် ညတွင်းချင်းလာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

“၁၀ ယောက်လောက်ပဲရှိတဲ့ ဂိတ်စခန်းပါ။ သေမသေတော့ ဆေးရုံအထိ စုံစမ်းမရလို့ မသိရပါဘူး။ လက်ရှိတော့ အင်အားတွေ ထပ်ဖြည့်ထားတာရှိပါတယ်။ ကျနော်တို့ မထုတ်ပြန်မချင်း သူတို့အချင်း ချင်းမှားပစ်တာလို့ သတင်းလွှင့်ထားလို့ ထုတ်ပြန်လိုက်တာပါ။ စစ်ကူခေါ်ပေမယ့် မနက်မိုးလင်းမှ လွှတ်ပေးပြီး သူတို့ဂိတ်စခန်းအနီး တပ်စွဲနေရာ အဆောင်ပျက်စီးတာကို ပိတ်စကာပြီး သတင်းဖုံး သေးတာပါ။” ဟု ချင်းကာကွယ်ရေးတပ် -အရှိုမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) နှင့် လူ့ဘောင်သစ်တပ်မတော် (NSA) တို့ ပူးပေါင်းကာ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး‌ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းစာတတ်ကူရွာ ကင်းဂိတ်စခန်းသည် အရပ်သား ပြည်သူများအပေါ်ရိုင်းပြစွာပြု မူခြင်း၊ ဂိတ် ဖြတ်သန်းသွားလာသော ပြည်သူများ၏ ကိုယ်ပိုင်ပစ္စည်းများအား အတင်းအဓမ္မ သိမ်းယူ ခြင်းများ ရှိသောကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ချင်းကာကွယ်ရေးတပ်-အရှို CDF-Asho အနေဖြင့် အာဏာသိမ်း အကြမ်းဖက် စစ်ကော်မရှင်က ပြုလုပ်သည့် အတုယောင်ရွေးကောက်ပွဲအား တော်လှန်ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ ဆန့်ကျင်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article