30 C
Yangon

ဆိပ်ဖြူ၊ ပေါက်နှင့်မြိုင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က Y-12 ၊ Gyrocopter တို့ဖြင့် ဗုံး ၅၀ ကျော်ကျဲချ တိုက်ခိုက်မှု နေအိမ် ၁၇ လုံးပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၅၀ ကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ် ၁၇ လုံးထိမှန်ပျက်စီးခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ်-၄ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်နှင့် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့နယ်၊ လိပ်ခြံကျေးရွာ၊ သဖန်းတုန်းကျေးရွာ၊ အနောက်ကံတွင်းကျေးရွာနှင့် ရေပုတ်ကျေးရွာ တို့ကို အကြမ်းဖက် စစ်တပ်၏ မကွေးလေတပ်မှ တက်လာသော Y-12 လေယာဉ်က ဗုံး ၅၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုများ မရှိသော်လည်း ပြည်သူပိုင်နေအိမ် ၁၇ လုံးဗုံးစ ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက အဲ့ကျေးရွာ ၄ ရွာတွေနဲ့ နီးတဲ့နေရာမှာ တိုက်ပွဲဖြစ်တာမလို့ လာချသွားတာလို့တော့ကြားတယ်။ ပြည်သူတွေကတော့ ထိခိုက်မှုမရှိပါဘူး။ စစ်ခွေးတွေ ဗုံးကျဲလို့ ကျေးရွာတွေထဲမှာရှိတဲ့ ပြည်သူတွေနေတဲ့ နေအိမ် ၁၇ လုံးကတော့ ပျက်စီးသွားတယ်” ဟု ပခုက္ကူခရိုင် အမှတ်-၄တပ်ရင်း မှ တာဝန်ရှိသူ ကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ်များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် လေကြောင်း အန္တရာယ်ဆောင်ရန် ၊ရှောင်ရန်များကို လေ့လာဖတ်ရှူပြီး သတိထား ဂရုစိုက်ကြရန် ပခုက္ကူခရိုင် အမှတ်-၄တပ်ရင်းက အသိပေးပြောဆိုထားသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ လက်ပံတို ရေနံမှော်ဒေသကို အကြမ်းဖက် စစ်တပ်က Gyrocopter ၃ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ လက်ပံတို ရေနံမှော်ဒေသကို မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုများ မရှိသော်လည်း နေအိမ်များပျက်စီးသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article