25 C
Yangon

သပိတ်ကျင်းမြို့ အနီး ဗဟိုပြု၍ အင်အား ၄.၉ နှင့် ၄.၁ အဆင့်ရှိ မြေငလျင် ၂ ခု လှုပ်ခတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ အနီး ဗဟိုပြု၍ အင်အား ၄.၉ နှင့် ၄.၁ အဆင့်ရှိ မြေငလျင် ၂ ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ည ၇ နာရီ ၄၈ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့ တောင်ဘက် ၉ မိုင်ခန့်ကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၄.၉ အဆင့်ရှိ မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ယနေ့ ည ၈ နာရီ ၃၃ မိနစ်ခန့်တွင်လည်း သပိတ်ကျင်းမြို့၏ တောင်-အနောက်တောင်ဘက် ၉ မိုင်ခန့်ကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၄.၁ အဆင့်ရှိ မြေငလျင် တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း၊ အဆိုပါ မြေငလျင် လှုပ်ခတ်မှုကို မေမြို့တွင် နေထိုင်သော ပြည်သူများပါ သိသာစွာ ခံစားခဲ့ရကြောင်း ဒေသပြည်သူများ ပြောဆိုသည်။

“ကျနော်တို့ မေမြို့ကပါ ငလျင်လှုပ်တာကို သိသာစွာခံစားရတယ်။ နေအိမ်လည်း အနည်းငယ် ယိမ်းထိုးသွားတယ်။ ပြည်သူတွေကလည်း ကြောက်လန့်ပြီး နေအိမ်ပြင်ထွက်လာတော့ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အပါအဝင် မြို့ကြီးများမှ ပြည်သူထောင်ချီ သေဆုံးခဲ့ကြောင်း၊ ထိုသို့ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက် ဆက်တွဲ ငလျင် စုစုပေါင်း အကြိမ်ရေ ၂၀၀ ကျော် နီးပါး လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မန္တလေးတွင် ငလျင်လှုပ်ခတ်ကြောင့် ပြည်သူများ လမ်းပေါ် ဆင်းလာကြစဉ်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article