25 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို မိသားစုလိုက်လက်ဝါးကြီးအုပ်နေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်တို့ မိသားစုဟာ ပြင်ဦးလွင်မြို့က နောက်ထပ် ကော်ဖီစိုက်ပျိုးမြေ ဧက ၂ သောင်းနီးပါးကို သိမ်းယူဖို့ စိတ်ဝင်စားနေပြန်သလို ကော်ဖီမစိုက်ရင် မြေပြန်သိမ်းမယ်ဆိုပြီး စတင်ခြိမ်းခြောက်လာ တယ်လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ ကောက်ဖီစိုက်တောင်သူတွေဆီကနေ သိရပါတယ်။
  • အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ စစ်ရေးကဏ္ဍမှာ အမျိုးသားကာကွယ်ရေးမဟာဗျူဟာ ချမှတ်ပြီး စိုးမိုးနယ်မြေ ကာကွယ်/ချဲ့ထွင်တာ နဲ့ လှုပ်ရှားဒေသသစ် ထိုးဖောက်တာတွေ ပြုလုပ်နေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က အသိပေး ပြောကြားလာပါတယ်။
  • မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်နဲ့ ယာဉ်တန်းတွေကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၁၉ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ လက်နက် ၈ လက်ကိုပါ သိမ်းဆည်းရရှိထားပြီး ၊ လက်နက်ပစ္စည်း အစိတ်အပိုင်း ထုတ်လုပ်ရာ ကပစ ၂၂ စက်ရုံအတွက် သွယ်တန်းထားတ့ မီးတိုင်တွေကိုပါ ထပ်မံ ဖောက်ခွဲရှင်းလင်းခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article