28 C
Yangon

ပေါက်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပေါက်မြို့နယ်အတွင်း စသိန်းရွာနှင့် ဂဲဗင်အင်းရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သး ၁၂ ဦး သေဆုံးကာ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က စသိန်းရွာနှင့် ဂဲဗင်အင်းရွာတို့တွင် တပ်စွဲပြီး တိုက်ပွဲဖြစ်ပွားရာနေရာများကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ကာ လက်နက်များ ပြန်လည် ကောက်ယူသွားကြောင်း သိရှိရသည်။

“စသိန်းရွာနဲ့ ဂဲဗင်အင်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ၂ ကြိမ် တိုက်ပွဲဖြစ်ပွားတာ တိုက်ပွဲအတွင်းမှာ စစ်ဗိုလ် ၁ ကောင် အပါအဝင် စစ်ခွေး ၁၂ ကောင် သေတယ်။ နောက်ပြီး ဒဏ်ရာရတာလည်း စစ်ခွေး ၂၅ ကောင်လောက်ရှိတယ်။ ကျနော်တို့ လက်နက်ကောက်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်ခွေးတွေက ၂ ရက်၊ ၃ ရက်လောက် ရွာတွေမှာ အထိုင်ချပြီး နယ်မြေရှင်းလင်းရေး လုပ်သွားတာဆိုတော့ လက်နက်ကောက်ချိန် မရလိုက်တာပါ” ဟု ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) ၊ MGY တပ်ဖွဲ့ ၊ PDF နှင့် မြိုင် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦးလည်း တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article