35 C
Yangon

မြင်းခြံမြို့​ အမှတ် ၂၀ ရပ်ကွက်နှင့် အမှတ် ၁၅ ရပ်ကွက်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၃ ဦး အပါအဝင် စစ်သား ၁၇ ဦးသေဆုံးပြီး ပျူစောထီး ၃ ဦးအရှင်ဖမ်းမိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂

မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၂၀ ရပ်ကွက်နှင့် အမှတ် ၁၅ ရပ်ကွက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ အရာရှိ ၃ ဦး အပါအဝင် စစ်သား ၁၇ ဦးသေဆုံးပြီး ပျူစောထီး ၃ ဦးအရှင်ဖမ်းမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း မှ ကိုဝမ်းတူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မြင်းခြုံမြို့ ဇီးခြံပြည်သူ့စစ်ဂိတ်များနှင့် မြင်းခြံမြို့ အမှတ် ၂၀ ရပ်ကွက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ ဇီးခြံဂိတ်မှ ပျူစောထီးတချို့ မြို့ထဲဝင်ပြေးသွားကာ တပ်ကူများဖြင့် ထပ်မံ ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မြင်းခြံမြို့အနီး မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းနှင့် ထနောင်းမြေစစ်ကြောင်းတို့က ပူးပေါင်း၍ ကင်းပုန်း ဝပ်စောင့်ဆိုင်းနေစဥ် မြို့တွင်းမှ ထွက်လာသော ပျူစောထီး ခေါင်းဆောင် သီတာယုမွန်၏ နောက်လိုက် ပျူစောထီး အမျိုးသမီး ၃ ဦးကို အရှင်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းခြံမြို့ အမှတ် ၁၅ ရပ်ကွက်၌ အထိုင်ချ တပ်စွဲထားသော အင်အား ၂၀ ခန့်ရှိသည့် SP ရုံးကို တော်လှန်ရေးတပ်ဖွဲ့များက အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၇ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ယင်းတိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး မြို့ပြမစ်ရှင် ဖော်ခြင်းဖြစ်သောကြောင့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး သေစားရင်းကတော့ တစ်ပွင့်ဗိုလ် ၁ ဦးနဲ့ သုံးပွင့်ဗိုလ် ၂ ဦး အပါအဝင် စစ်ခွေး ၁၇ ဦးသေဆုံးတယ်လို့တယ်လို့သိရတယ်။စစ်ခွေး သေစာရင်း ထပ်တိုးသေဆုံးတာမျိုးကတော့ ခုထိတော့မသိရသေးဘူး။ စစ်ခွေးဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးမရှိပါဘူး။ ကျွန်တော် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း မှ ကိုဝမ်းတူးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံ ခရိုင် အမှတ် (၁) နှင့် ထနောင်းမြေစစ်ကြောင်း အဖွဲ့ ၊ မဟာမိတ်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်သား၊ ပျူစောထီးများ အထိုင်ချရာ နေရာများနှင့် အဝေးဆုံးတွင် နေထိုင်ကြရန်၊ ပြည့်သူ့ကာကွယ်ရေးတပ်များကိုလည်း ကူညီပေးကြရန် မေတ္တာရပ်ခံလိုကြောင်း မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း အဖွဲ့မှ အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article