33 C
Yangon

ရန်ကုန်တိုင်း ၁၂ မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း ၁ ဆန္ဒမဲပေးသူ ၅၀ ရာခိုင်နှုန်းအောက်သာရှိခဲ့သဖြင့် သက်ဆိုင် ရာ မြို့နယ်နှင့်ခရိုင်ထွေ/အုပ်ဌာနများက ထုချေလွှာတင်နေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

ရန်ကုန်တိုင်း ၁၂ မြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၁ ဆန္ဒမဲပေးသူ ၅၀ ရာခိုင်နှုန်းအောက်သာရှိခဲ့ပြီး သက်ဆိုင်ရာ ထွေ/အုပ်ဌာနများက ထုချေလွှာတင်ရကြောင်း နေပြည်တော်ထွေ/အုပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဗိုလ်တထောင် ၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ အလုံ စုစုပေါင်း ၁၂ မြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပခဲ့ရာ မြို့နယ် ၄ ခုတွင် မဲပေးသူ ရာခိုင်နှုန်း ၂၄ ရာခိုင်နှုန်းမှ ၃၁ ရာခိုင်နှုန်းအတွင်း၊ ကျန်မြို့နယ်များတွင် ၅၀ ရာခိုင်နှုန်းဝန်းကျင်အောက်သာ ရှိခဲ့ကြောင်း သိရှိရသည်။

ဗိုလ်တထောင်၊ မရမ်းကုန်းမြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ မဲပေးသူ ၂၇ ရာခိုင်နှုန်းနှင့် ၂၈ ရာခိုင်နှုန်းအကြား သာရှိခဲ့ကြောင်း၊ ကျန်မြို့နယ် ၈ ခုမှာလည်း မဲပေးသူ ၅၀ ရာခိုင် နှုန်း ဝန်းကျင်အောက်သာရှိခဲ့ကြောင်း၊ ထို့ကြောင့် မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာနထံသို့ ထုချေလွှာများ တင်သွင်းရကြောင်း သိရှိရသည်။

“ဘာကြောင့် မဲပေးသူ နည်းရလဲ။ ဘာအခက်အခဲတွေရှိခဲ့လဲ။ ဘယ်လို အကြောင်းတွေကြောင့်လဲ။ ဘယ်လို အဖြေရှာမလဲဆိုတာ အားလုံး ထုချေလွှာတင်ရတယ်။ ဒါတောင် ညနေပိုင်းမှာ မဲပေးချိန် ထပ်တိုးပြီး လော်စပီကာနဲ့ မဲလာပေးခိုင်းတာမျိုးလုပ်ရတဲ့အထိ ဖြစ်ခဲ့တယ်။ အဲဒါကို ရွေးကေက်ပွဲ အပိုင်း ၂ နဲ့ အပိုငး ၃ မှာ မဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ အကြံပြုခိုင်းတယ်။ မြို့နယ်နဲ့ ခရိုင်ထွေ/အုပ်တွေ နယ်ပြောင်းခံရတာတွေလည်းရှိနိုင်တယ်” ဟု ထွေ/အုပ် သတင်းရင်းမြစ်က ပြောဆိုသည်။

မဲပေးသူ နည်းပါးခဲ့သော်လည်း လတ်တလော ရလဒ်များအရ ရန်ကုန်တိုင်း ၁၂ မြို့နယ်တွင်လည်း ကြံ့ဖွတ်ပါတီကသာ အနိုင်ရရှိထားပြီး ကြံ့ဖွတ်ပါတီက အနိုင်ရရှိသော မဲရလဒ်များမှာ ၂ သောင်းနှင့် ၃ သောင်းဝန်းကျင်ဖြင့်သာ အနိုင်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

လာမည့် ရွေးကောက်ပွဲ အပိုင်း ၂ တွင် ရန်ကုန်တိုင်းအတွင်း ကျင်းပမည့် မြို့နယ်များတွင် မဲပေးသူများ များပြား လာစေရေးအတွက် ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် မြို့နယ်နှင့်ခရိုင်များမှ ထွေ/အုပ်အရာရှိများကို အကြံပြုလွှာများကို နေပြည် တော်က အမြန်တင်ပြခိုင်းနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- AFP။

People line up to vote at a polling station during the first phase of Myanmar’s general election in Yangon on December 28, 2025. Polling opened in Myanmar’s heavily restricted junta-run elections, beginning a month-long vote democracy watchdogs describe as a rebranding of military rule. (Photo by Lillian SUWANRUMPHA / AFP)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article