28 C
Yangon

မုန်းမြို့နယ်တွင် စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသော တပ်သားသစ် ၈ ဦး အလင်းဝင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသော တပ်သားသစ် ၈ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် မုန်းမြို့နယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ ထံကို အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၉ တပ်ရင်းမှ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းခံရသော တပ်သားများဖြစ်သည့် အသက် ၂၀ နှစ်အရွယ် အောင်လင်းနိုင်(ခ)နိုင်ကြီး၊ အသက် ၂၆ နှစ်အရွယ် ဖြိုးအောင် (ခ) မဲလုံး နှင့် အသက် ၁၉ နှစ်အရွယ် စန်းမင်းကို တို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ ထံသို့ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၉ တပ်ရင်းမှ ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော အသက် ၂၉ နှစ်အရွယ် ညွန့်ဇော်၊ အသက် ၂၉ နှစ်အရွယ် နေလင်းထက် ၊ အသက် ၁၇ နှစ်အရွယ် စန်းကိုနိုင် (ခ) ကိုကို ၊ အသက် ၂၈ နှစ်အရွယ် ကျော်ကျော် နှင့် အသက် ၃၀ နှစ်အရွယ် မြင့်သောင် တို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်တွင် အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသူများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်ကာ ဘက်ပြောင်းခိုလှုံကြပါရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းနှိုးဆော်ထားသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း မုန်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၇၅ မှ စစ်မှုထမ်းတပ်သားသစ် ၃ ဦးဖြစ်သော အသက် ၂၇ နှစ်အရွယ် တပ်သား မောင်စိုင်းထက်ဝေ၊ အသက် ၂၃ နှစ်အရွယ် တပ်သား မောင်လင်းထက်မိုးနှင့် အသက် ၃၀ နှစ်အရွယ် မောင်သက်မောင် တို့ ၃ ဦးတို့သည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၈ ထံသို့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထိုစစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရသူများဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article