36 C
Yangon

မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ၅ ဦးသေဆုံး၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာ ရဲစခန်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၄ မိနစ်ခန့်က စတင်ပြီး မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီးကို လက်နက်ကြီးကျည် ၃ ကြိမ် ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထိုပေါက်ကွဲမှုအတွင်း အရှေ့ပိုင်း ဆေးရုံအနီး တပ်စွဲထားသော စစ်သားများ ထိမှန်ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း၊ ယင်း လက်နက်ကြီးကျည်များသည် အေးမြဖြူ စက်ချုပ်ဆိုင် အနီးတွင်လည်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများ စစ်ဘေးတိမ်းရှောင်နေသောကြောင့် ထိခိုက်သူမရှိကြောင်း သိရသည်။

“ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းက မိုးကုတ်မြို့ အရှေ့ပိုင်း ဆေးရုံအနီးမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေရှိတဲ့ နေရာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးတော့ စစ်ခွေး ၅ ကောင် သေတယ်လို့ သိရတယ်။ ပထမ အလုံးကတော့ အေးမြဖြူ စက်ချုပ်ဆိုင် အနီးကိုကျတယ်။ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေတော့ ထိခိုက်တာတွေတော့မရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မိုးကုတ်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) က ဒီဇင်ဘာလ ပိုင်းမှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော မြို့သာရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော မြို့သာ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“မြို့သာ ရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာပါ။ အတွင်းထဲမှာဆိုတော့ သေစာရင်းကတော့ မသိရဘူး။ စစ်ခွေးတွေ စခန်းအပြင်ဘက်ကို ထွက်ပြေးသွားတယ်လို့ သိရတယ်။ အဲစခန်းမှာ စစ်ခွေး အင်အားက ၅၀ လောက်ရှိတယ်။ လက်နက်ကြီး ၉လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ ထိခိုက်သေဆုံးမှုကတော့ မသိရဘူး။ ဒီအတိုင်း စခန်းထဲမှာတော့ ကျရောက်ပေါက်ကွဲမှုရှိတယ်။ ခွေးဘက်ကတော့ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာမျိုးရှိပါတယ်။ သူတို့ Happy Nwe Year အကြိုပျော်ပွဲများ ပြုလုပ်နေတဲ့အချိန်မှာ ပစ်တာပါ” ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ ၊မြောင်မြို့နယ် ဒေါင်း ပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article