32 C
Yangon

ညောင်ဦးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူများကို ဖမ်းဆီးနေ၊ ပခုက္ကူမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီး ပူးပေါင်းတပ်များက စစ်ကြောင်းထိုးနေသဖြင့် ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက် ပြီး ကျေးရွာနေ ပြည်သူများကို ဖမ်းဆီးလျက်ရှိကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းမှစတင်ပြီး ညောင်ဦးမြို့နယ်၊ ပုဂံဒေသရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ် က အင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ ပြည်သူများကို ဖမ်းဆီးနေပြီး တစ်ရွာလျှင် လူငယ် ၇ ဦး ထက်မနည်း ဖမ်းဆီးခံထားရကြောင်း၊ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးကာ ဖမ်းဆီးနေမှု ကြောင့် မည်သည့်ရွာများမှ ဖမ်းဆီးခံရသည်ကို အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“ဒီနေ့မနက် ပုဂံညောင်ဦးမြို့နယ်ထဲက ရွာတွေကို အင်အား ၃၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုး နေတာ၊ ရွာသူ ရွာသားတွေကိုလည်း ဖမ်းခေါ်သွားတယ်။ ဘယ်ရွာက ရွာသားတွေကို ဖမ်းခေါ်သွားလဲ မသိရသေးဘူး။ တစ်ရွာ ၇ ယောက်လောက်အထိ ဖမ်းသွားတယ်လို့ သိရတယ်။ ရွာထဲဝင်တဲ့အချိန် ရွာပြင်လေးမျက်နှာပတ်ပတ်လည် ဝိုင်းထားပြီး ဝင်တာ။ တစ်ရွာဝင်တစ်ရွာထွက်နဲ့ စစ်ကြောင်းထိုး နေတာပါ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အလားတူ ဇန်နဝါရီလ ၂ ရက်နေ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာမှ ထွက်လာသော ပျူစောထီးများနှင့် စစ်တပ်က ဖောင်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ယင်းနေရာတွင် စခန်းချထားကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင် ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ပခုက္ကူနယ်ထဲမှာလည်း စစ်တပ်နဲ့ ပျူတွေ ပေါင်းပြီး စစ်ကြောင်းထိုးနေတာ မနေ့ညပိုင်းအထိ ဖောင်ကျေးရွာမှာ ရှိနေတယ။ အဲဒီစစ်ကြောင်းက အင်အား များတယ်။စစ်ကြောင်းထိုးရာလ မ်းတစ်လျှောက်မှာလည်း ပစ်ခတ်မှုတွေ တောက်လျှောက်လုပ်တယ်လို့ သိရတယ်” ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းကြောင့် ပခုက္ကူမြို့နယ်အတွင်းမှ ပြည်သူများမှာလည်း စစ်ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article