ရန်ကုန်၊ ဇန်နဝါရီ ၃
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်း ၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်ရှိ နယ်မြေတချို့ ယာယီဆုတ်ပေးလိုက်ရပြီး ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး ဆက်လက်တိုက်ပွဲဝင်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ နှောင်းပိုင်းမှစ၍ အကြမ်းဖက် စစ်အုပ်စုက မန္တလေးမြိုနှင့် နီးကပ်လျက်ရှိ သော နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မြေပြင်၊ ဝေဟင်၊ ရေပြင် (ဧရာဝတီမြစ် ကြောင်း) နည်းလမ်းမျိုးစုံသုံးကာ တန်ပြန်ထိုးစစ်ကြီးများ အပြင်းအထန် ပြန်လည်ဖော် ဆောင်ခဲ့ရာ ၁၈ လကျော်တိုင်အောင် မဆုတ်တမ်းခံစစ်ဖြင့် ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ ခုခံကာကွယ်ခဲ့သော် လည်း မတ္တရာမြို့နယ် အရှေ့ခြမ်း၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်မှ နယ်မြေအချို့ကို ဆုတ်ပေးခဲ့ရကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ညီနောင်နွေဦးတော်လှန်ရေးတပ်ဖွဲများသည် ယင်း စိုးမိုးထိန်းချုပ်နယ်မြေများကို ကာကွယ်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုး စားတိုက်ပွဲဝင်ခဲ့ကြသော်လည်း စစ်ဗျူဟာသဘောအရ စစ်ဦးကျွံနေမှု၊ အကြမ်းဖက် စစ်အုပ်စု၏ အ ဖက်ဖက် သာလွန်အင်အားဖြင့် တန်ပြန်ထိုးစစ်ဆင်လာမှု၊ အလွန်အကျွံ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဝင်ရဲဘော်များ အနားမရဘဲ စစ်ပန်းလာမှုနှင့် တိုက်ပွဲဝင်လူအင်အားနှင့် လက်နက်ခဲယမ်း အရင်းအမြစ်ပိုင်း လိုအပ်မှုများကြောင့် ယာယီဆုတ်ပေးလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းဒေသများအတွင်း အကြမ်းဖက် စစ်အုပ်စု၏ ထိုးစစ်ကြောင့် တိုက်ပွဲများ ပြင်းထန်နေစဉ်အတွင်း ဒေသခံပြည်သူလူထု ဘေးလွတ်ရာသို ရွေ့ပြောင်းတိမ်းရှောင်နိုင်ရေးအတွက် တတ်စွမ်းသမျှ ပံ့ပိုး ကူညီမှုများ ဆောင်ရွက်ခဲ့သလို ဆက်လက်ဆာင်ရွက်သွားမည်လည်း ဖြစ်ကြောင်း၊ အထွေထွေ သာ လွန်အင်အားသုံး တန်ပြန်ထိုးစစ်များကြောင့် အကြမ်းဖက် စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်သွား သည့်အတွက် ဒေသခံများအပါအဝင် ပြည်သူလူထုအပေါင်းကို အနူအညွတ် တောင်းပန်အပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် လက်လွတ်ခဲ့ရသော နယ်မြေများကို ညီ နောင်တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းလက်တွဲကာ ပြန်လည်သိမ်းပိုက်နိုင် ရေးအပါ အဝင် အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးတို့အတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကို ကတိပြုထား သည်။
ပြန်လည် ဆုတ်ခွာပေးလိုက်ရသည့် နယ်မြေများကို ၁၀၂၇ စစ်ဆင်ရေး (ပထမပိုင်း) နှင့် ရှမ်း-မန်း စစ်ဆင်ရေး (၁၀၂၇ စစ်ဆင်ရေး – ဒုတိယပိုင်း) တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲအစည်းများ၊ ညီနောင် နွေဦးတော်လှန်ရေးတပ်ဖွဲ့များ နှင့်အတူ စခန်းသိမ်း မြိုသိမ်းထိုးစစ်များ ဟန်ချက်ညီညီ လက်တွဲဖော်ဆောင်ကာ သိမ်းပိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထိုသို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စိုးမိုးထိန်းချုပ်နယ်မြေများ၌ ပြည်သူ့အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဖော်ဆောင်ရာတွင် ညီနောင် တော်လှန်ရေးအင်အားစုများနှင့် အတူ ပူးပေါင်းကာ အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒနှင့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
အဆိုပါ ဒေသများကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်နေစဉ်ကာလနှင့် ခုခံစစ်ကာလ များအတွင်း အသက်၊ သွေး၊ ချွေးပေါင်းများစွာ ထည့်ဝင်ပေးဆပ်ကာ စွန့်လွှတ်တိုက်ပွဲဝင်ခဲ့သည့် ရာပေါင်းများစွာသော တော်လှန်ရေးစစ်သည်အပေါင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အစဉ် ဦးညွှတ်ဂုဏ်ပြုအပ်ပါကြောင်း ထုတ်ပြန်ထားသည်။




