32.1 C
Yangon

ဆားလင်းကြီးမြို့နယ် မတောင့်တ ကျေးရွာကို စစ်တပ် တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြည်သူများ ထိခိုက်သေဆုံးမှုများရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မတောင့်တ ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ရာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်း မုံရွာ နမခမှ တက်လာသော Gyrocopter ၃ စီးဖြင့် ဆားလင်းကြီးမြို့နယ် မတောင့် တ ကျေးရွာကို အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး နေအိမ်များ ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးတွေ တိုက်ပွဲ ဖြစ်ပွားခြင်းရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်သေဆုံးမှု အရေ အတွက် ကိုတော့ ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ။ နေအိမ် ပျက်စီးတာမျိုးလည်း ရှိတယ်။ အခြေအနေကို ဆက်လက် စုံစမ်းနေတုန်းပါ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယခင်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း မုံရွာနမခမှ တက်လာသော စက်တပ်လေထီးဖြင့် ဆားလင်းကြီးမြို့နယ် ထန်းပုကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဗုံးများကျဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေ ဆုံးခဲ့သည့်အပြင် ၃ သီးဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းအဆောင်များလည်း ပျက်စီးခဲ့သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က အညာဒေသတွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article