ဒီကနေ့ ဇန်နဝါရီ ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာစစ်အုပ်စုအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူတွေ ပြန်လည်လွှတ်ပေးဖို့ နှင့် ငြိမ်းချမ်းစွာ အဖြေရှာဖို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တိုက်တွန်းပြောဆို လိုက်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားနှင့်အကျဉ်းသူ ၆၁၃၄ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပေး လိုက်တယ်လို့ အကြမ်းဖက် စစ်ကော်မရှင်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
မန္တလေး၊ မဟာအောင်မြေ ကျောက်ဝိုင်းမှာ တရုတ်ကုန်သည်တစ်ဦးက မြန်မာကျောက်ကုန်သည်တွေ ဆီက သိန်းပေါင်း ၅ သောင်းကျော် တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာ တွေလိမ်လည်သွားတဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




