24 C
Yangon

ဝက်လက်၊ အင်ဒေါင်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီ ၄ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်၊ ပြည်သူ ၆ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ နေအိမ်များလည်း မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အင်ဒေါင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီ ၄ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ကာ ပြည်သူ ၆ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလကုန်ပိုင်းမှစတင်ပြီး ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ရှိမ်းမကားရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်ဒေါင်းရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ၄ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ပြီး ကိုယ်ဝန်တားဆေးများပါ ထိုးပေးသွားကြောင်း၊ ထို့ပြင် ကျေးရွာနေ ပြည်သူ ၆ ဦးကိုလည်း စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ရွာသစ်ရွာကို ထပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူနေအိမ် ၄ လုံးနှင့် မီးဖိုချောင် ၃ လုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဝက်လက်မြို့နယ် အတွင်းကို ရှိမ်းမကားရွာမှ ထွက်လာသော စစ်ကြောင်း အပြင် ထုံးဘိုရွာမှ ထွက်လာသော စစ်ကြောင်းကပါ တပြိုင်တည်း ကျေးရွာများကို ဝင်ရောက် စီးနင်းနေသောကြောင့် ဧရာဝတီမြစ်ကမ်းဘေးနှင့် အမှတ် ၃ ကားလမ်းအနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ထုံးဘိုရွာ ၊ ရှားကွဲရွာ ၊ ရေဂမိုးရွာ ၊ ရွာသစ်ရွာ ၊ လှေပို့ဆိပ်ရွာ ၊ သစ်ဆိပ့်ရွာ ၊ ကူကြီးရွာ ၊ ငါးပတ်ချောင်းရွာ ၊ သရက်ပင်ရွာ ၊ ရေလည်မော်ရွာ ၊ မှော်ဦးရွာ ၊ ကမ်းဖြူရွာ ၊ ရွာသာရွာ ၊ မင်းရွာတောင်ရွာ ၊ အင်ဒေါင်းရွာ ၊ ရှိမ်းမကားရွာ ၊ ငါးရယ်ရွာ ၊ ဆည်တောရွာနှင့် ငါးတိုက်တောင်ရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ခွေးစစ်ကြောင်းက အင်ဒေါင်းရွာကို ဝင်ရောက်စီးနင်းတုန်းက အမျိုးသမီး ၄ ဦးကို အုပ်စုဖွဲ့မုဒိမ်းပြုကျင့်သွားတာလို့ သိရတယ်။ နောက်ပြီး စစ်ခွေးတွေက ကိုယ်ဝန်မရအောင်ဆိုပြီး ကာကွယ်ဆေးတွေလည်း ထိုးပေးသွားတယ်တဲ့ ရွာထဲက ပြည်သူ ၆ ဦးကိုလည်း ဖမ်းသွားတယ်။ ရွာသစ်ရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူရွာ ၊ မှော်ဦးရွာတို့ကို ရောက်ရှိနေသော စစ်သားများနှင့် ထုံးဘိုရွာကို ရောက်ရှိနေသော စစ်သားများကို တံတားလေတပ်မှ တက်လာသော Y-12 လေယာဉ်ဖြင့် ရိက္ခာထုတ်များ ကျဲချ ပို့ဆောင်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article