တောင်ကိုရီးယားနိုင်ငံ ဂယောင်ဂျူးမြို့တွင်မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြပွဲနှင့် ၇၈ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားတွင် MFDMC ပြည်ပထောက်ပို့ဥက္ကဌ ကိုဇော်မိုးအောင်က အမှန်တကယ်လွတ်လပ်ရန်၊ အာဏာရှင်စနစ်ကျဆုံးရန်ထောက်ပို့ကူညီစို့ ခေါင်းစဉ်ဖြင့်အမှာစကားပြောကြားခဲ့ပြီး နွေဦးတော်လှန်ရေးတက်ကြွလုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းကလည်း လွတ်လပ်ရေးနှင့် ပတ်သက်သော ဗဟုသုတများ၊ လှူဒါန်းမှုအစုစု နဝကမ္မသိန်း ၅၀ ကျပ်ကို အညာဒေသစစ်ဘေးရှောင်ပြည် သူများကူညီရေးအဖွဲ့ဖြစ်သည့် အညာပစ်တိုင်းထောင်လေးများ(ဆားလင်းကြီး)သို့ လှူဒါန်းသွားမှာဖြစ်ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီကျဆုံးသည့်အထိ တော်လှန်ရေးထောက်ပို့ရေးများကိုစွမ်းနိုင်ရာဖြင့် ဆက်လက်ပါဝင်ပေးရန်တို့ မိန့်ကြားခဲ့ကြောင်း သိရှိရသည်။






