30 C
Yangon

ဆွာမြို့နယ်၊ စည်ပိုင်းကျေးရွာအနီး တိုက်ပွဲတွင် စစ်တပ် လက်အောက်ခံ PLO တပ်ဖွဲ့ဝင်များ သေဆုံးသည့် ရုပ်အလောင်းများကို စစ်တပ်က ဓာတ်ပုံရိုက်ပြီး PDF တပ်ဖွဲ့ဝင်များ ကျဆုံးသည်ဟု လိမ်လည် ဝါဒဖြန့်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

ပဲခူးတိုင်း၊ ဆွာမြို့နယ်၊ စည်ပိုင်းကျေးရွာအနီး တိုက်ပွဲ၌ အကြမ်းဖက် စစ်တပ် လက်အောက်ခံ PLO တပ်ဖွဲ့ဝင်များ သေဆုံးသည့် ရုပ်အလောင်းများကို စစ်တပ်က ဓာတ်ပုံ ရိုက်ပြီး PDF တပ်ဖွဲ့ဝင်များ ကျဆုံးသည်ဟု လိမ်လည်ဝါဒဖြန့်နေကြောင်း နေပြည်တော် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ဆွာမြို့နယ်၊ စည်ပိုင်း ကျေးရွာအနီး၌ အကြမ်းဖက်စစ်တပ်၊ PLO ပြည်သူ့စစ်များ ပူးပေါင်းစစ်ကြောင်းနှင့် နေပြည်တော် PDF တပ်ဖွဲ့ အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် အလောင်း ၂ လောင်း၊ လက်နက် ၂ လက်နှင့် ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် လော်ဘီများက ဓာတ်ပုံနှင့်တကွဖော်ပြခဲ့ရာ ယင်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း နေပြည်တော် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“အဲဒီသတင်းက မမှန်ဘူး။ ဘောမချန်နယ်တွေက လိမ်တင်တာ ဆွာမြို့နယ်၊ စည်ပိုင်းတိုက်ပွဲက ကျနော်တို့တွေနဲ့ ဖြစ်တာ ပြီးခဲ့တဲ့ ၂ ရက်နေ့က အဲဒါတွေက ခွေးဘက်က လိမ်တင်တာ။ အဲဒီတိုက်ပွဲ မှာ ပစ္စည်းလည်း သိမ်းဆည်းရရှိသွားတာ မရှိဘူး။ ဆွာမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ စည်ပိုင်းကျေးရွာမှာ တိုက်ပွဲဖြစ်တာရှိတယ်။ ဒါပေမယ့် ပကဖ ရော ၊ PDF တပ်ဖွဲ့တွေရော လုံးဝကျ ဆုံးတာမရှိဘူး။ အဲဒါလိမ်တင်နေတာ။ သေချာတာကတော့ ပကဖတွေ PDF တွေ ထိခိုက်ကျဆုံးတာမရှိဘူး။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရတာလည်း မရှိဘူး။ ပြည်သူလည်းမဟုတ်ဘူး။ လက်နက်ခဲယမ်းတွေကလည်း PDF တပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းတွေမဟုတ်ဘူး” ဟု နေပြည်‌ တော် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း ပါဝင်လာသည့် စစ်တပ် လက်အောက်ခံ PLO ပအိုဝ့်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် PDF တပ်ဖွဲ့များ ဝတ်ဆင်လေ့ရှိသည့် ဖရဲသီးပြောက်ကျားကွက်ယူနီဖောင်းများဝတ်ဆင်ကာ လိုက်ပါလာခြင်းဖြစ်ပြီး ၎င်းတို့ တိုက်ပွဲအတွင်း သေဆုံးသွားသည့် ရုပ်အလောင်းများ၊ လက်နက် ခဲယမ်းများကို ဓာတ်ပုံရိုက်ကာ စစ်လော်ဘီချန်နယ်များက ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီတိုက်ပွဲဖြစ်တဲ့နေ့က PLO ပအိုဝ့်တွေပါတယ်။ အဲဒီပအိုဝ့်တွေက PDF ယူနီဖောင်းလိုပဲ ဖရဲကွက် တွေဝတ်ဆင်လာတာ ။ အဲဒါကြောင့် PLO တွေ သေတာကို ဓာတ်ပုံ ပြန်ရိုက်ပြီး ဝါဒဖြန့်တာလို့ ထင်တယ်။ အဲဒီတိုက်ပွဲမှာ PLO တွေ ထိသွားတယ်။ အဲဒီစစ်ကြောင်းက PLO နဲ့ စစ်တပ် ပေါင်းလာတာ အဲဒီ PLO တွေသေတာကို ဓာတ်ပုံပြန်ရိုက်ပြီးတော့ PDF တွေသေတာလို့ ဝါဒဖြန့်နေတာလို့ သုံးသပ် တယ်” ဟု နေပြည်တော် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article