25 C
Yangon

ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၂ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၂ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီ ၄၇ မိန်စခန့်တွင် ဝက်လက်မြို့နယ် တောင်ခြမ်း ပေါက်ကန်ဘူတာရွာကို တံတားဦးလေတပ်တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်တာ ၂ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၃၀၀ ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင် ပေါက်ကန်ဘူတာရွာတွင် နေထိုင်သော အသက် ၂ လအရွယ် ကလေးငယ် ၁ ဦး ၊ ‌အသက် ၇၀ အရွယ် ဒေါ်မြ နှင့် အသက် ၆၀ နှစ် အရွယ် ဒေါ်တင်တင်ဌေး တို့ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ အသက် ၄ဝ နှစ် အရွယ် အမျိုးသမီး ၁ ဦးလည်း ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် နှင့် ကားတချို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ဝက်လက်မြို့နယ် တောင်ခြမ်းက ပေါက်ကန်ဘူတာရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ တံတားဦးလေတပ်က တက်လတဲ့ စစ်ခွေး ဂျက်ဖိုက်တာ ၂ စီး ဒီနေ့ နံနက်ပိုင်းမှာ ပေါင် ၃၀၀ ဗုံး ၃ လုံးကျဲချတိုက်ခိုက်သွားတာ ကျနော်တို့ သိရတာက ၂ လသား ကလေးငယ် ၁ ဦး ၊ ‌အသက် ၇၀အရွယ် ဒေါ်မြနဲ့ အသက် ၆၀ အရွယ် ဒေါ်တင်တင်ဌေး တို့ပွဲချင်းပြီး သေဆုံးတယ်။ နောက်ပြီး အမျိုးသမီး ၁ ဦးလည်း ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရတယ်။ နေအိမ်တွေနဲ့ ကားတချို့လည်း မီးလောင်ပျက်စီးသွားတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

အလားတူ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလအတွင်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၈ ဦးသေဆုံးကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article