အကြမ်းဖက်စစ်တပ်၏ လေတပ်မှ အနားပေးလိုက်သည့် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို တရုတ်နိုင်ငံသံအမတ်ကြီးအဖြစ် မင်းအောင်လှိုင်က ယနေ့ ခန့်အပ်လိုက်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။
ဇော်ဝင်းမြင့်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း စစ်ဘက်ရာထူးမှ အနားပေးပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၂ လနီးပါးအကြာမှ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်ပြီး ၎င်း၏နေရာတွင် ဗိုလ်ချုပ်ထွန်းဝင်းကို မင်းအောင်လှိုင်က အစားထိုးခန့်အပ်ခဲ့သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို လာဘ်ပေးလာဘ်ယူမှု၊ စစ်ဆင်ရေးတာဝန်မကျေမှုများဖြင့် ခေါ်ယူ စစ်ဆေးစဉ် စစ်ဦး စီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့်ပတ်သက်သော အရှုပ် တော်ပုံများ ပေါ်ပေါက်လာရာမှ စစ်ဦး စီးအရာရှိချုပ်(လေ) ဒုတိယဗိုလ် ချုပ်ကြီး ဇော်ဝင်းမြင့်ကို စစ်ဘက်ရာထူးမှ အနားပေးကာ နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ဆိုသည်။




