25 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ပဲခူးတိုင်းက ပန်းတောင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အာရက္ခတပ်တော် AA ရဲ့ ကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးထက်မနည်း အသီးသီး သေကုန်ကြတဲ့အပြင် စစ်သား အလာင်းတွေနဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားတယ်လို့ AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြိုဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်ကို ချင်းတော်လှန်ရေး တပ်တွေက ထပ်မံတိုက်ခိုက်ခြေမှုန်းရာမှာ စစ်တပ်ဘက်က သေတဲ့သူတွေ များသွားပြန်တဲ့အပြင် နောက်ထပ် စစ်သားတွေကိုပါ လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိထားရုံတင်မက စစ်တပ်နေရာ ၂ ခုကိုပါ သိမ်းပိုက်ရရှိထားတယ်လို့ ချင်းတော်လှန်ရေးတပ် CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-အကြမ်းဖက် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ကြံ့ဖွတ်ပါတီက မြို့နယ် ၈၁ ခုအတွက် ကြိုတင်မဲပေါင်း ၃ သိန်း ၄ သောင်းကျော် ရရှိထားပြီး အနိုင်ရပါတီအဖြစ် ဦးဆောင်နေတယ်လို့ Data for Myanmar ရဲ့ ထုတ်ပြန်ချက်နဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဗင်နီဇွဲလားနိုင်ငံ သမ္မတရဲ့ အဖြစ်မျိုး ကြုံရမှာကို အီရန်နိုင်ငံရဲ့ ခေါင်းဆောင်တွေ စိုးရိမ်နေပြီး အမေရိကန်သမ္မတ ထရမ့်ရဲ့ ခြိမ်းခြောက်မှုကြောင့် အီရန်အစိုးရ အကျပ်ရိုက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article