26 C
Yangon

သရက် – မင်းတုန်း လမ်းပိုင်းတွင် ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၆

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နှင့် သရက်မြို့နယ်ကို ဆက်သွယ်ထားသော သရက်-မင်းတုန်း လမ်းပိုင်းတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA တာဝန်ခံ ကိုဗဟိန်းက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၅ ရက်နှင့် ဒီဇင်ဘာလ ၆ ရက်နေ့ တို့တွင် သရက် – မင်းတုန်း လမ်းပိုင်းရှိ ပက်မခမ်းလမ်းပေါက်အနီးနှင့် ခုန်တိုင်ရွာအနီးတို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“တိုက်ပွဲက သရက်မြို့နယ်ထဲမှာရော၊ မင်းတုန်းမြို့နယ်ထဲမှာရောဖြစ်တာပါ။ စစ်ခွေး ဘယ်နှစ်ယောက်သေတယ်၊ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းကတော့ မရသေးဘူး။ အခုထိ အဲဒီလမ်းပိုင်းကို စစ်ခွေးတွေက အင်အားရာနဲ့ချီပြီး စစ်ရေး လှုပ်ရှားနေတုန်းပါပဲ” ဟု ဗမာပြည်ကာကွယ်ရေးတပ် – USBA တာဝန်ခံ ကိုဗဟိန်းက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း၊ လက်ရှိချိန်ထိ သရက် – မင်းတုန်း လမ်းပိုင်းကို အကြမ်းဖက်က အင်အားရာနှင့်ချီ အသုံးပြုကာ စစ်ရေးဆက်လက် လှုပ်‌ရှားနေ၍ တိုက်ပွဲများ အချိန်မရွေးမေရာမရွေး ဖြစ်ပေါ်လာနိုင်သောကြောင့် ခရီးသွား ပြည်သူများအနေဖြင့် ဂရုစိုက်သွားလာကြရန် အသိပေးလိုကြောင်း ကိုဗဟိန်းက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article