30 C
Yangon

ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၇

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၆ တပ်ရင်းကပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ပခုက္ကူမြို့၊ စက်မှုဇုန်ရှိ ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင် စစ်သား၊ ရဲနှင့် ပျူစောထီးများ ပူးပေါင်း၍ ပြည်သူများကို ဆက်ကြေးကောက်နေသော စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး မျက်မြင်သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ဘက်မှလည်း စနိုက်ပါ၊ ၄၀ မမ ဗုံးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

“ပခုက္ကူမြို့ ပခုက္ကူ-ရေစကြို လမ်းပိုင်းမှာ စစ်ခွေး၊ ရဲခွေးနဲ့ ပျူခွေးတွေ ပူးပေါင်းပြီး ပြည်သူတွေကို ဆက်ကြေး ကောက်ခံနေတဲ့ဂိတ်ကို သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာ ပစ်ခတ်မှုအတွင်းမှာ စစ်ခွေး ၂ ကောင် မျက်မြင်လဲကျတယ်။ စစ်ခွေးတွေက စနိုက်ပါ၊၄၀ မမ ဗုံးတွေနဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့လို့ ရဲဘော်တွေ စစ်ဝတ်တန်ဆာ အပြည့်အစုံမရှိ​လို့ ကျည်မလုံလောက်မှုတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်။ ရဲဘော်တွေတော့ အထိအခိုက်မရှိပါဘူး” ဟု ပခုက္ကူခရိုင်၊အမှတ်(၁၆)တပ်ရင်းက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင်၊ အမှတ် (၁၆) တပ်ရင်း ၊ANYAR AYEYAWADDY REVOLUTION FORCE (AARF) နှင့် GOLDEN EGALE (PDF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article