31 C
Yangon

တောင်သာမြို့တွင် စစ်တပ် တပ်စွဲထားသော ဝန်ထမ်း အိမ်ရာဝင်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး စစ်အသုံးဆောင် ပစ္စည်းများကို မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၇

မန္တလေးတိုင်း၊ တောင်သာမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဝန်ထမ်းအိမ်ရာဝင်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်အသုံးဆောင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် တောင်သာမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဝန်ထမ်း အိမ်ရာဝင်းကို တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက် တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ယူနီဖောင်းများ၊ လွယ်အိတ်များနှင့် ကျည်ကာအင်္ကျီများကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် မြို့ပေါ်မှ အကြမ်းဖက် စစ်တပ်ကလည်း ကားများဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ကူပေးရန် ရောက်ရှိလာပြီး ၆၀ မမ ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်သောကြောင့် မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော်များ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဲဒါက စစ်တပ်က အထိုင်ချထားတဲ့ ဝန်ထမ်းအိမ်ရာပါ။ အဲဒီမှာ ကျွန်တော်တို့ ရဲဘော်တွေကို တာဝန်ပေးပြီးတော့ ဝန်ထမ်း အိမ်ရာကို ဝင်ပစ်မယ်။ ပြီးရင် မီးတင်မယ်ပေါ့။ ကျွန်တော်တို့ တောင်သာမြို့ပေါ်ကို အချိန်မရွေး ဝင်ချင်ရင် ဝင်လို့ရတယ် ဆိုတာကို ပြချင်လို့ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ အဲဒီ ဝန်ထမ်းအိမ်ရာမှာ စစ်ခွေးတွေနဲ့ ထိတွေ့မှုဖြစ်ခဲ့ပါတယ်။ စစ်ခွေးနဲ့ ထိတွေမှုဖြစ်တော့ ခွေး ၂ ကောင်ကတော့ မှောက်သွားတယ်။ ကျနော်တို့ လက်နက်တက်ကောက်ဖို့ လုပ်တဲ့ အချိန်မှာ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ပစ်ပြီး စစ်ကူတွေ တက်လာလို့ ပြန်လည် ဆုတ်ခွာခဲ့ရတယ်။ ကျွန်တော်တို့ ဝန်ထမ်းအိမ်ရာကိုတော့ အိမ် ၂ လုံးကို မီးတင်လိုက်နိုင်တယ်။ စစ်ခွေးက​တော့ ၂ ဦးသေဆုံးတယ်” ဟု မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း ဒုတပ်ရင်းမှူး ကိုမင်းသားကြီးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article