22 C
Yangon

တနင်္သာရီမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ကန့်ဘလူမြို့နယ်တွင် လမ်းပိုင်းစစ်ဆေးနေသော PDF တပ်နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာ ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက် လာသော အကြမ်းဖက် စစ်တပ် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထိတွေ့ တိုက်ပွဲက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မိနစ် ၃၀ လောက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ စစ်ခွေးတွေဘက်က ၂ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်ပြီးတော့ စစ်ခွေးတွေက အနောက်ဘက်ကို ပြန်လည် ဆုတ်ခွာသွားတယ်။ ရဲဘော်တွေတော့ အထိအခိုက်မရှိပါဘူး” ဟု မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း ၂ ၊ တပ်ရင်း ၃ နှင့် KNU ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် လမ်းပိုင်း စစ်ဆေးနေသော တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကန့်ဘလူမြို့နယ် ညောင်ပေါင်ရင်း ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ညောင်ပေါင်ရင်း ပကဖ ဗိုလ်ချစ်သူ၊ ဗိုလ်နွေဦးမောင် ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့က ပျူစောထီးကျေးရွာများဖြစ်သော နတ်ပေးရွာနှင့် ဝက်တိုးရွာ အကြားရှိ လမ်းပိုင်းကို စစ်ဆေးတွေ ပြုလုပ်နေစဉ် စစ်တပ်နှင့် ပျူစောထီးများရောက်ရှိလာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ပျူစောထီးရွာ ၂ ရွာကြားက ကားလမ်းမှာ လမ်းပိုင် လုံခြုံရေအတွက် ဆိုင်ကယ်တွေ ကားတွေကို စစ်ဆေးမှုများပြုလုပ်နေတုန်း ပျူစောထီးတွေနဲ့ အရပ်ဝတ် စစ်ခွေး ကားနဲ့ ရောက်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့တာ ကျနော်တို့ ညောင်ပေါင်ရင်း ပကဖ အဖွဲ့က အင်အားမမျှလို့ ပြန်ဆုတ်လာရပါတယ်။ ကန့်ဘလူမြို့နယ်ထဲက နတ်ပေးရွာနဲ့ ဝက်တိုးရွာမှာ ပျူစောထီး အင်အား အရမ်းများပါတယ်” ဟု ကန့်ဘလူမြို့နယ် ညောင်ပေါင်ရင်း ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article