ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာ အနီးမှာ ရတနာပုံမြို့သစ်စီမံကိန်းနှင့်အတူ ရတနာ ပုံမြောက်ပိုင်းအိမ်ရာစီမံကိန်းတစ်ခုလုံးကို မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံက ကုမ္ပဏီခွဲ တော်တော် များများနဲ့ ရင်းနှီးမြှုပ်နှံနေပြီး တရုတ်ကုမ္ပဏီတွေကိုပါ ဖိတ်ခေါ်မယ်လို့ အဲ့ဒီစီမံကိန်း အကြောင်းကို သိရှိထားတဲ့ စီးပွားရေး သတင်းရင်းမြစ်က ပြောပါတယ်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်း အုတ်တွင်းရွာအနီးမှာရှိတဲ့ အကြမ်းဖက် စစ်တပ် တပ်စွဲထား တဲ့ ဂိတ်စခန်းတွေနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးခေါင်းဆောင် တေဇညွှန့် အပါအဝင် စစ်တပ်ဘက်က အယောက် ၂၀ သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း၃၈၀၂ တပ်ခွဲ ၂ နှင့် သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ PDF ကာကင်းကို လာရောက်တို က်ခိုက်တဲ့ အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲဖြစ် ပွား ပြီး စစ်သား အယောက် ၂၀ သေဆုံးခဲ့ တယ်လို့ တပ်ရင်း ၈၀၈ – နေပြည်တော် PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ကမ္ဘာ့အရှေ့ခြမ်းရဲ့ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ အီရန်တို့ရဲ့ စစ်သင်္ဘောတွေဟာ တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့တောင်ဘက်က Simon’s Town ရေတပ်စခန်းကို ဒီကနေ့မှာ ဆိုက်ရောက်လာကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




