25 C
Yangon

မုံရွာ- ချောင်းဦးလမ်းနှင့် မြင်းမူမြို့နယ်တို့တွင် ဆက်ကြေးကောက်ရန်နှင့် မိုင်းရှင်းလင်းရေးထွက်လာသော စစ်တပ်နှင့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက်ရန်နှင့် မိုင်းရှင်းလင်းရေး ထွက်လာသော စစ်တပ်နှင့်ပျူစောထီးများကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း CHINDWIN FIGHTER GROUP.CFG မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၉နာရီ ၀၉မိနစ်ဝန်းကျင်ခန့်အချိန် မုံရွာမြို့နယ်တွင်နာမည်ဆိုးဖြင့် ကျော် ကြားနေသော တောပုပျူစောထီးကျေးရွာမှ အင်အား ၂၀ ဝန်းကျင် ခန့်ဖြင့် မုံရွာ-ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက်ရန်နှင့် မိုင်းရှာရန် ထွက်လာသော စစ်တပ်နှင့်ပျူစောထီးများကို ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိ ခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသော်လည်း ထိခိုက်မှုရှိနိုင်ကြောင်း သိရှိရသည်။

“စစ်ခွေးသေစာရင်းကတော့ အတိအကျတော့ မသိရသေးဘူး။ ဒဏ်ရာရတာတော့ သေချတယ်။ စစ်ခွေးဘက်ကတော့ ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ တော်လှန်ရေးရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု CHINDWIN FIGHTER GROUP.CFG မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို BRAVE HEART AYMY.BHA ၊ MONYWA DYNAMITE.STF ၊ CHINDWIN FIGHTER GROUP.CFG အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြောင်မြို့နယ်လမ်းခွဲဂိတ်တွင် ပိုက်ဆံတောင်းရန် ထွက်လာသည့် စစ်သားများ စီးနင်းလာသော ကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း T.G.R ပြည်သူ့ကာ ကွယ်ရေးတပ်မှ ‌ဗိုလ်တိုက်ဂါးက သတင်းထုတ်ပြသည်။

ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်း မြောင်လမ်းခွဲဂိတ်တွင် ပိုက်ဆံတောင်းရန် ထွက်လာသည့် ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သာ်များ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း၊ စစ်တပ်က ကား ၃ စီး၊ အင်အား ၃၀ ဖြင့် ထွက်လာခြင်ဖြစ်ပြီး မိုင်းများဖြင့် ရှေ့ဆင့်နောက်ဆင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲခံရသော စစ်တပ်မှ မြင်းမူဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊မြင်းမူမြို့နယ် ပကဖ၊ အလ္လကပ္ပ တိုက်နယ်ပကဖ၊ အမုန်းဗျင်းမဲ့ Drone Teams၊ မြောင်မြို့ မ တိုက်နယ်ပကဖ ကိုဝေလင်း၊ မြောင်မြို့ဖိုက်တာပြည်သူ့ကာကွယ်ရေးဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အညာဒေသတွင် အကြမ်းဖက်စစ်တပ်၏ စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်နေစဉ်။(ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article