23 C
Yangon

ညောင်လေးပင်မြို့နယ်၊ ထိန်တပင်ရွာနှင့် ကလိမ်ခင်ရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်၊ ချောင်းဦးမြို့တွင်လည်း စစ်တပ် လှည့်ကင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်မှု

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ထိန်တပင်ကျေးရွာနှင့် ကလိမ်ခင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့ နံနက်အစောပိုင်းတွင် ညောင်လေးပင်မြို့နယ်၊ ထိန်တပင်ကျေးရွာနှင့် ကလိမ်ခင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းများကို ပဲခူးတိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ထိခိုက်သူများပြာပြီး သေဆုံးသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုကို အမှတ်(၂) စစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၏ စစ်တောင်းမြစ်ဝှမ်းဒေသ၊အောင်မြင်စစ်ဆင်ရေး၏ ပူးပေါင်းစစ်ဆင်ရေးတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

“အဲစခန်းမှာ တပ်စွဲထားတာက စစ်ခွေး အင်အား စုစုပေါင်း ၆၀ ကျော်ပါတယ်။ သူတို့ဘက်က ၄ ယောက်ဒဏ်ရာရတယ်။ ၂ ယောက်ကတော့ စိုးရိမ်ရတယ်။ စိုးရိမ်ရတဲ့အထဲမှာ စစ်ဗိုလ်အဆင့် ၁ ကောင်းပါတယ်လို့ သတင်းရထားပါတယ်” ဟု တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၆) တပ်ရင်းများဖြစ်သော တောကျီးကန်းတပ်ရင်း၊ ပဲခူးခရိုင်အမှတ် (၃) မီးနဂါး(3703)တပ်ရင်းတို့နှင့်အတူ တော်ဝင်ဒေါင်းတပ်ရင်းတို့မှ တပ်ဖွဲ့ဝင်များပူးပေါင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ ဘုရင်ဂျီရပ်ကွက်တွင် ကင်းပတ်ရန်ထွက်လာသော အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသိုပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့ ညနေ့ ၄ နာရီခန့်တွင် ချောင်းဦးမြို့ ဘုရင်ဂျီရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်၏ အတုယောင်ရွေးကောက်ပွဲကို လုံခြုံရေးယူပေးရန်အတွက် ကင်းပတ်ရန်ထွက်လာသော စစ်သား ၆ ဦးကို BLDF တပ်ခွဲ အညာမိုင်းမှ ရဲဘော်များက ဘုရင်ဂျီ သုတ်သန် အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ ချောင်းဦးမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးက ဒဏ်ရာရရှိတာပဲရှိတာပါ။ မိုင်းက ၂ လုံးပါ။ ၉ ရက်နေ့ ညနေ ၄ နာရီလောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက်မှာ စစ်ခွေးတွေက ပြည်သူတွေကို ဓားစာခံအနေနဲ့ ဖမ်းသွားတာလည်းရှိတယ်။ ဘယ်နှဦး ဖမ်းဆီးခံရလဲဆိုတာတော့ ကျနော်တို့လည်း အတည်မပြုနိုင်ဘူး။ မိုင်းဆွဲတာက ချောင်းဦးမြို့ နောက်ချောင်းဦး ရပ်ကွပ်ထဲကပါ” ဟု BLDF တပ်ခွဲ အညာမိုင်း မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article