30 C
Yangon

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၂၃ ဦးဖမ်းဆီးခံရပြီး ၂ ရက်အတွင်း ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၄၂ ဦးအထိရှိလာ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၂၃ ဦးဖမ်းဆီးခံရပြီး ၂ ရက်အတွင်း ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၄၂ ဦးအထိရှိလာကြောင်း ထိုင်းနိုင်ငံ၊ တာ့ခရိုင်လူဝင်မှုကြီးကြပ်ရေးက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် ထိုင်းနိုင်ငံ၊ တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အာဏာပိုင်များက မဲဆောက်မြို့နယ်အတွင်း နိုင်ငံကူးလက်မှတ်မပါရှိသော မြန်မာနိုင်ငံသား ၁၂ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ရန် ကြိုးစားစဉ် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း ၊ လတ်တလော ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့် တရားစွဲဆို ဖမ်းဆီးထားကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင်လည်း တာ့ခရိုင်မှ ပူးပေါင်းအဖွဲ့က မဲဆောက်ခရိုင်အတွင်း လမ်းပေါ်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြနမာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း ၊ ဖမ်းဆီးရရှိသူများမှာ စာရွက်စာတမ်းအထောက်အထားမပါဘဲ ဝင်ရောက်လာသူများဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ တာ့ခရိုင် မဲဆောက်မြို့နယ်တွင် မြန်မာနိုင်ငံသား ၁၉ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ရာ ဇန်နဝါရီလ ၉ ရက်နေ့နှင့် ဇန်နဝါ ရီလ ၁၀ ရက်နေ့ ၂ ရက်အတွင်း မဲဆောက်မြို့နယ်တွင် မြန်မာနိုင်ငံသား ၄၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article