22.3 C
Yangon

ဒီပဲယင်းမြို့နယ်၊ မူးကမ်ကြီးရွာစာသင်ကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိပြီး ကျောင်းဆောင်များ ပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်ကြီးရွာစာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိပြီး ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လေကြောင်းတိုက်ခိုက်မှု အတွင်း မူးကမ်းကြီးကျေးရွာ စာသင်ကျောင်းအတွင်းရှိ ကျောင်းဆောင်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။

“ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာ စာသင်ကျောင်းကို စစ်ခွေးတွေက တံတားဦးတက် ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စက်လက်နဲ့ရောဆွဲသွားတော့ အကုန်ထိခိုက်တာပါ။ ပြည်သူတွေ ထိခိုက်မှုတွေ ရှိပါတယ်။ အသေးစိတ်မစီစစ်နိုင်သေးပါ။ ချက်ချင်းကြီး မစီစစ်နိုင်သေးလို့ပါ။ စာသင်ကျောင်းလည်း ထိခိုက်ပျက်စီးများပါတယ်။ မြေပြင်အနေအထား စိတ်မချရသေးပါဘူး။ အဲ့စာသင်ကျောင်းက အခုနဲ့ဆို နှစ်ကြိမ်မြောက်ရှိပြီ လေကြောင်း တိုက်ခိုက်ခံရတာ စစ်ရှောင်တွေအများစုကတော့ အရင်တစ်ခါ ပစ်ခံရတည်းကမရှိကြတော့ဘူး။ ပြောင်းပြေးသွားကြပါတယ်” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူများလေကြောင်း အန္တရာယ်အထူးသတိပြုကြပါရန် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article