ဒီကနေ့ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် နေရာမှာ ကြံ့ဖွတ်ပါတီမှ အောင်မျိုးသန်းက အနိုင်ရရှိသွားတယ်လို့ ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောပါတယ်။
– ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့မှာ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် ၂ စစ်ဆင် ရေးနယ်မြေမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ရန်ကုန်လေဆိပ်မှာ ပြည်ပသွားရောက်မယ့် အလုပ်သမားတွေအားလုံးအနေနဲ့ အလုပ်သမားဝန်ကြီး ဌာနရဲ့ ခွင့်ပြုစာရင်းမှာ နာမည်ပါဝင်မှ ပြည်ပထွက်ခွင့်ပြုမယ့်စနစ် ပြောင်းလဲလိုက်တာကြောင့် ပြည်ပထွက်ခွာမယ့် အလုပ်သမားအားလုံး လေဆိပ်ကနေ လှည့်ပြန်ရတယ်လို့ မနေ့ကလေဆိပ်ကနေ လှည့်ပြန်ခဲ့ရတဲ့အလုပ်သမားတွေက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ဆန္ဒပြပွဲတွေကို နှိမ်နင်းမှုအပေါ် စစ်ရေးအရ ကြားဝင်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ဂ်ချီက ၎င်းတို့နိုင်ငံအနေနဲ့ ဘယ်လိုရွေးချယ်မှုမျိုးကိုမဆို ရင်ဆိုင်ရန် အသင့်ရှိတယ်လို့ Al Jazeera သတင်းဌာနနဲ့အင်တာဗျူးမှာ တုံ့ပြန်ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




