31 C
Yangon

ရေဦးမြို့ အထွက်ရှိ စစ်တပ်၏ ရွှေကျီးမင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ဂိတ်တာဝန်ခံ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အထွက်ရှိ အကြမ်းဖက် စစ်တပ်၏ ရွှေကျီးမင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ ဂိတ်တာဝန်ခံ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၄ မှ ပြန် ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၅ နာရီခန့်အချိန်ရေဦးမြို့ အနောက်ဘက်အထွက်ရှိ အကြမ်းဖက် စစ် တပ်၏ အထိုင်ချထားသော ရွှေကျီးမင်းဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်၏ ဂိတ်တာဝန်ခံ စစ်ဗိုလ် ၁ ဦးအပါအဝင် ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားရာကို လာရောက်သည့် အကြမ်းဖက် စစ်တပ်၏ ပွိုင့်ဖိုက် တင်ဆောင်လာသော ကား ၁ စီးကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကားတိမ်းမှောက်သွားပြီး စစ်သား ၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“အဲ့ဒီနေရာက အရင်က ကုန်စုံဆိုင်ဖွင့်ဖူးတဲ့တိုက်မြင့်ပါ။ တော်လှန်ရေးစကတည်းက နေရာအကွက်အကွင်းကောင်းလို့ ခွေးတွေအမြဲအထိုင်ချပါတယ်။ ဒါကြောင့်ဂိတ်ဖြစ်သွားတာ အင်အားက ပုံမှန် ၅၀ ဝန်းကျင်ရှိပါတယ်။ စစ်ခွေး သေတာက ၉ ဦးကတော့ မျက်မြင်တွေ့တာပါ။ စစ်ခွေးတွေက ရေဦးမြို့အနောက်ဘက်အထွက်ရှိ ခွေးအထိုင်ချထားသော ရွှေကျီးမင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာတော့ မရှိပါဘူး”ဟု ရွှေဘိုခရိုင် တပ်ရင်း ၂၄ မှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၁ တပ်ရင်း ၁၄ တပ်ရင်း ၂၄ တို့နှင့်အတူ ဒေသတွင်းတော်လှန်ရေးအင်အားစုများပူးပေါင်းဖွဲ့စည်းထားသော ရေဦးကော်လံစစ်ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article