30 C
Yangon

ဖာပွန်ခရိုင်တွင် ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၁၁၁၃ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ G-3 ၁ ဦး၊ တပ်ရင်းမှူး ၁ ဦး၊ ဗိုလ်မှူး ၂ ဦးနှင့် ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၂၈၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၁၁၁၃ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ G-3 ၁ ဦး၊ တပ်ရင်းမှူး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၂၈၄ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်တာအတွင်း ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ ၅ နှင့် အာဏာသိမ်း အကြမ်းဖက်စစ်တပ် တို့အကြား တိုက်ပွဲပေါင်း ၁၁၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၈၄ ဦး သေဆုံးကာ ၄၅၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ G-3 ၁ ဦး၊ တပ်ရင်းမှူး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနှင့် ဒုတပ်ကြပ် ၁ ဦးတို့ ပါဝင်ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၂ ဦး၊ ဒုဗိုလ် ၁ ဦး၊ ဆေးတပ်တာဝန်ခံ ၁ ဦးနှင့် ဒုတပ်ကြပ် ၁ ဦး တို့ ပါဝင်ကာ အကြမ်းဖက် စစ်တပ်၏ အဆောက်အဦး ၁၆ လုံးကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဘက်မှလည်း တိုင်းပြည်နှင့် လူမျိုးအတွက် ရဲဝံ့စွာ အသက်နှင့်ခန္ဓာ ပေးဆပ်ခဲ့သူများလည်းရှိကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်းတွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း အကြိမ် ၅၀ ၊ ဂျက်လေယာဉ် (Jet Fighter) ဖြင့် တိုက်ခိုက်မှု ၁၀၃ ကြိမ်၊ ၁၂၂ မမ၊ ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ကျေးရွာများ၊ ပြည်သူများလုပ်ကိုင်စားသောက်ရာ နေရာအတွင်းကို ပစ်ခတ်တိုက်ခိုက်မှု ၆၉ ကြိမ်ခန့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးကာ ၃၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ၊ ပြည်သူများ လုပ်ကိုင်စားသောက်ရာ နေရာများ၊ စာသင်ကျောင်းများ၊ ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများ အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူများ မွေးမြူထားသော တိရိစ္ဆာန်များလည်း ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article