23 C
Yangon

ရေဦးမြို့၌ ရွေးကောက်ပွဲပြုလုပ်နေစဉ် ကြာဖူးအဝိုင်းတွင် နေရာယူထားသော စစ်သားများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ဗျူဟာမှူး အဆင့်ရှိသူ အပါအဝင် ၁၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်၌ ရွေးကောက်ပွဲပြုလုပ်နေစဉ် ကြာဖူးအဝိုင်းတွင် နေရာယူထားသော စစ်သားများကို လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်ရာ ဗျူဟာမှူးအဆင့်ရှိသူ အပါအဝင် စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း Farmer Heros Khin U တပ်ဖွဲ့က ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီနှင့် ညနေ ၆ နာရီ ၅၅ မိနစ်ခန့်တို့တွင် ရေဦးမြို့ပေါ်၌ အတု်ယောင် ရွေးကောက်ပွဲပြုလုပ်နေစဉ် ကြာဖူးအဝိုင်းပတ်၌ တပ်ဖြန့်နေရာယူထားသော အကြမ်းဖက် စစ်သားများနှင့် ၈၁ မမ လက်နက်ကြီးအထိုင်ချထားသော နေရာများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်း ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ဗျူဟာမှူးအဆင့်ရှိသူ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၃ ဦး သေဆုံးခဲ့ ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပြည်သူလူထုကို ပစ်ခတ်တိုက်ခိုက်နေသော ၈၁ မမ လက်နက်ကြီး ၁ လက်နှင့် Jammer အထိုင်စက်တစ်လုံးတို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ခင်ဦးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ( Farmer Heros Khin U) ၊ ရွှေဘိုခရိုင် ပကဖ ဒရုန်းအဖွဲ့နှင့် ရွှေဘိုခရိုင် ပကဖ တိုက်ခိုက်ရေး အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ရေဦးမြို့တွင်း၌ အတုအယောင်ရွေးကောက်ပွဲပြုလုပ်နေချိန် ရွှေဘိုခရိုင်အမှတ် ၂၄ တပ် ရင်းက ၄၀ မမ၊ လက်နက်ငယ်များဖြင့်လည်း ဝင်ရောက်ပစ်ခတ်ခဲ့ကာ ခြိမ်းခြောက်ခဲ့သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article