27 C
Yangon

ဘားအံခရိုင်တွင် စစ်တပ်၏ ခမရ ၅၄၈ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၈ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၂ ဦး လက်နက်များယူဆောင်လာပြီး အလင်းဝင်ရောက်လာကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဘားအံခရိုင်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၈ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၂ ဦး လက်နက်များယူဆောင်လာပြီး ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် KNLA တပ်မဟာ ၇ ထံသို့ လက်နက်ချ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ်များမှာ အသက် ၂၅ နှစ်အရွယ် တပ်သား စည်သူဟိန်း နှင့် အသက် ၂၄ နှစ်အရွယ် တပ်သား မောင်မောင်စိုးတို့ဖြစ်ပြီး အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံထားရသူများဖြစ်ကြောင်း သိရသည်။

ထိုသို့ အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်းခိုင်းစေခံနေရသည့် အကြမ်းဖက် စစ်တပ်အတွင်းမှ တပ်သားများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ရရာနည်းလမ်းဖြင့် ဆက်သွယ်၍ လက်နက်ချ အလင်းဝင်ရောက်ကြရန် KNU ဗဟိုက အသိပေး တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article