25 C
Yangon

မင်းကင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦး ထိခိုက်သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅ ဦး ထိခိုက် သေဆုံးခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်တော် ( S.R.F ) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မင်းကင်းမြို့နယ်၊ ကံကျေးရွာနှင့် တောင်ယာတောကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှ ပျဥ်းပင်မှော်ရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် မင်းကင်းမြို့နယ်၊ ကံရွာနှင့် ပျဥ်းပင်မှော်ရွာ အကြား ဒိုးနွယ်အရပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁ နာရီခန့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများသည် တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသည့် မိုင်းနင်းမိပြီး စစ်သား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေက မိုင်းနင်းမိပြီး စစ်ခွေး ၅ ကောင် ထက်မနည်း ထိခိုက်သေဆုံးမှုရှိပါတယ်။ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်။ တိုက်ပွဲက ၁ နာရီလောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်” ဟု ကျောင်းသားတော်လှန်ရေးတပ်တော် ( S.R.F ) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

မင်းကင်းမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် နှစ်စပိုင်းမှာတင်၍ အကြမ်းဖက် စစ်တပ်က စစ်အင်အားများ ပိုမိုဖြည့်တင်းလာပြီး လက်နက်ခဲယမ်းများ ယခင်ထက်တိုးမြှင့်တပ်ဆင်လာကြောင်း၊ ရွေးကောက်ပွဲကာလအလွန်၌ စစ်ကြောင်းထိုးလာနိုင်၍ ဒေသပြည်သူများ အနေဖြင့် လုံခြုံရေး ဂရုစိုက်ကြရန်၊ ​ကျောင်းသားတော်လှန်ရေးတပ်တော် ( S.R.F ) အနေဖြင့် ပြည်သူလူထုအကျိုးကို ရှေးရှုပြီးအဖိနှပ်ခံပြည်သူများနှင့်အတူ အာဏာရှင်မှန်သမျှကို ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကျောင်းသားတော်လှန်ရေးတပ်တော်မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article