စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်ထဲရှိ ကျေးရွာ တစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ သပိတ်တွင် တော်လှန်ကျောင်းသားပြည်သူများက အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်နေသည့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း စာသားများကိုင်ဆောင်၍ အတုယောင် တရားမဝင်ရွေးကောက်ပွဲ အလိုမရှိဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။






