တရုတ်နိုင်ငံ၏ မြန်မာ့အရေးဝင်ရောက်စွက်မှုကို မြေပြန့်ရှိတော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်း ရင်းသား တော်လှန်ရေးတပ်ဖွဲ့များ ချိတ်ဆက်ပူးပေါင်းကာ စုစုစည်းစည်းဖြင့် တွန်း လှန်နိုင်ပါက ကြောက်စရာ မလိုကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် အဖွဲ့ဝင် ပီတာသန်းရွှေက ပြော ကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၆ နာရီအချိန် ပြုလုပ်သည့် ချင်းပြည်သူ့အစည်း အရုံး/ ချင်းပြည် သူ့တပ်မတော်က CPU/CPA ဖွဲ့စည်းခြင်း သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်းဖြစ်သည်။
စစ်အာဏာရှင်ကို စုစည်းတော်လှန်နေကြသည့် လက်နက်ကိုင်များအားလုံး အထူးသဖြင့် မြေ ပြန့်နှင့် တိုင်းရင်းသားများ ပူးပေါင်းချိတ်ဆက်ထားလျှင် တရုတ်၏ ရန်ကို စိုးရိမ်စရာ မလိုကြောင်း ၎င်းက ရှင်းပြသည်။
“ကျနော်တို့ ခိုင်မာတဲ့မဟာမိတ်တွေ တိုးပွားလာဖို့အရေးကြီးပါတယ်။ ကျနော်တို့ SRA လိုမျိုး အဲဒီက မြင့်ပြီးတော့မှ ပိုပြီးခိုင်မာအားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရော စုစုစည်းစည်း စည်း စည်းလုံးလုံးနဲ့တော်လှန်မယ်ဆိုရင်တော့ တပြိင်နက်တည်းမှာ မြေပြန့်ရော၊ တိုင်းရင်းသားဒေသ တွေ ရော တပြိုင်နက်တည်း ချိတ်ဆက်အလုပ်လုပ်ရင်တော့ တရုတ်ရဲ့ ရန်ကိုလည်း ကျနော်တို့အဲလောက် အထိ စိုးရိမ်စရာရှိမှာ မဟုတ်ဘူးလို့ ဖြေကြားချင်ပါတယ်။” ဟု ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့ တပ်မတော် အဖွဲ့ဝင် ပီတာသန်းရွှေက ပြော ကြားသည်။
တရုတ်နိုင်ငံ၏ စစ်ရေးအကူအညီနှင့် တော်လှန်ရေးကာလအချိန်ကြာလာသည်နှင့်အမျှ စစ်တပ်၏ ပြန်လည်ပြင်ဆင်စုဖွဲ့မှုသည် ပြန်လည်အားကောင်းလာပြီး တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား သည့်နယ်မြေတစ်ချို့ ပြန်လည်လက်လွှတ်ရသည်များရှိကြောင်း၊ ထိုသို့ စစ်တပ် ပြန်လည်အား ကောင်းလာခြင်းသည် တော်လှန်ရေးတပ်ဖွဲ့များ စုစည်းရန် အချက် ပေးခေါင်းလောင်းသံဖြစ်ကြောင်း CPU ဒုက္ကဌ ၃ ဆလိုင်းအောင်မင်းက ထောက်ပြထားသည်။
“စကမကတော့ ၂၀၂၅၊ ၂၀၂၆ မှာ တချို့ဒေသ၊ တချို့နယ်မြေ တွေမှာတော့ နည်းနည်းပါးပါး ပြန်ပြီး ခေါင်းထောင်လာတယ်လို့ ပြောရမှာပေါ့နော်။ ဒီအရာတွေက ကျနော့်အမြင်ပြောရရင် ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေကို စုစည်းဖို့ အချိန်တန်ပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းသံလို့ ကျနော်က မြင်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ အားလုံး ဒီအချိန်မှာတော့ တကွဲတပြား နဲ့ တော်လှန်လို့ မရတော့ဘူး။ စုစုစည်းစည်းနဲ့ တော်လှန်မှရမယ်။ စည်းစည်းလုံးလုံးနဲ့ အလုပ်လုပ်မှ ရမယ်ဆိုတဲ့ အချက်ပေးခေါင်းလောင်းသံလို့ ကျနော်အနေနဲ့ မြင်ပါတယ်” ဟု ဆလိုင်းအောင်မင်းက ပြောဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်ရှိထက် ကျစ်လျစ်ခိုင်မာသည့် စုဖွဲ့မှုများဖြင့် စစ် တပ်ကို တန် ပြန်ထိုးစစ်ဆင်နိုင်မှသာ လျှင် လိုချင်သည့် အောင်မြင်မှုများ ရရှိမည်ဖြစ် ကြောင်း တော်လှန်ရေးတပ်များက အသိပေးထားသည်။
တရုတ်အစိုးရက ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲခဲ့သော MNDAA ၊ TNLA တို့ကို စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရန်၊ သိမ်းပိုက်ထားသော မြို့များကို ပြန်လည် ပေးအပ်ရန် အတင်း အကျပ် ကြားဝင် ဖိအားပေးခဲ့ပြီး ရှမ်းမြောက်တွင်အခြေစိုက်ထားသော တိုင်းရင်း သားလက် နက် ကိုင်တပ်ဖွဲ့များကိုလည်း NUG နှင့်မပတ်သက်ရန် ဖိအားပေးမှုအမျိုးမျိုးကို တရုတ်အစိုးရက လုပ်ဆောင်လျက်ရှိကြောင်း၊ အခြားတစ်ဖက်တွင်လည်း စစ်တပ်ကို မျက်နှာသာပေးကာ ရွေးကောက်ပွဲကို တရုတ်က ထောက်ခံလျက်ရှိကြောင်း တော်လှန်ရေး ဘက်တော်သားများက သုံးသပ်ပြောဆိုသည်။




