22.3 C
Yangon

ပေါက်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရ၊ နဘူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ်များပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပေါက်မြို့နယ် တောင်ပိုင်းရှိ တပ်ကုန်းပျူစောထီးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၁ ခုမှ ပြည်သူ ၄၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ဇင်ရွေးဂုံရွာ ၊ တဲတောယာတောင်ရွာ ၊ တဲတော်ယာ မြောက်ရွာ ၊ ပြစ်ထဲရွာ ၊ ကိုင်းလယ်ရွာ ၊ ချောင်းနားရွာ ၊ စမ်းရေခုံရွာ ၊ ဖားအရွာ ၊ ကမ္ဘားနီရွာ ၊ ချက်ကန်ရွာနှင့် ထန်းတောလယ်ရွာတို့မှ ပြည်သူ ၄၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်းက တပ်ကုန်းပျူစောထီးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာလို့ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ပြည်သူတွေ ဖမ်းဆီးခံရတဲ့ သတင်းတော့ မကြားမိသေးဘူး။ လက်ရှိချိန်ထိတော့ အကုန်လုံး တိမ်းရှောင်နေရကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ နဘူးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် သေ့ကာ‌လော်တော် (ဗျူဟာကုန်း) အခြေစိုက် အကြမ်းဖက် စစ်တပ်က နဘူးမြို့နယ်၊ ထီးဖိုးကျောကျေးရွာအုပ်စုများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ နေအိမ် ၂ လုံးနှင့် ဆိုင်ကယ် ၃ စီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article