22.3 C
Yangon

အမေရိကန်တွင် မြန်မာနိုင်ငံသားများအတွက် ယာယီနေထိုင်ခိုလှုံခွင့် TPS ရုပ်သိမ်းမှုအပေါ် ရှင်းလင်းချက်ပေးရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အမေရိကန်ပြည်ထဲရေး ဝန်ကြီးထံသို့ တောင်းဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

အမေရိကန်တွင် မြန်မာနိုင်ငံသားများအတွက် ယာယီနေထိုင်ခိုလှုံခွင့် TPS ရုပ်သိမ်းမှုအပေါ် ရှင်းလင်းချက်ပေးရန် ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ Tom Andrews က အမေရိကန် အမိမြေလုံခြုံ ရေး(ပြည်ထဲရေး) ဝန်ကြီး Kristi Noem ထံသို့ စာရေးသားပေးပို့ တောင်းဆိုလိုက်သည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ် ဆေးသူ Tom Andrews က ထိုသို့ စာရေးသားပေးပို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၅၈/၂၀ ဖြင့် အပ်နှင်းထားသော တာဝန်အရ ထိုသို့ စာရေးသားတောင်းဆိုရခြင်းဖြစ်​ကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမေရိကန်အစိုးရက မြန်မာနိုင်ငံသားများအတွက် “ယာယီခိုလှုံနေထိုင်ခွင့် (TPS) ကို ရပ်စဲရန် ဆုံး ဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို ရှင်းလင်းချက် တောင်းခံလိုကြောင်း ဖော်ပြထားသည်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံအတွင်း အခြေအနေများသည် နေရပ်ပြန်ရန် ဘေးကင်းသွားပြီဖြစ်ကြောင်း၊ အုပ်ချုပ်ရေးနှင့် တည်ငြိမ်မှုများ တိုးတက်လာပြီဟုဆိုကာ မြန်မာ နိုင်ငံ သားများအတွက် TPS ကို ရုပ်သိမ်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေများသည် အမေရိကန်အအစိုးရ၏ ကြေညာချက်နှင့် ကွဲလွဲနေသ ဖြင့် စိုးရိမ်မိကြောင်း၊ မြန်မာနိုင်ငံတွင် အပေါ်ယံ အပြောင်းအလဲများအနေဖြင့် ဥပမာ- အရေးပေါ်အခြေအနေ ရုပ်သိမ်းခြင်း သို့မဟုတ် ရွေးကောက်ပွဲ လုပ် ငန်းစဉ်များဆီသို့ ဦးတည်ခြင်းများသည် လူ့အခွင့်အရေးဆိုင်ရာ အန္တရာယ်များ လျော့ကျသွားပြီဟု သက်သေမပြနိုင်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံ၏ နေရာအများစုတွင် တည်ငြိမ်မှု ကင်းမဲ့နေပြီး တိုက်ပွဲများ ဆက် လက်ဖြစ်ပွားနေကြောင်း၊ နိုင်ငံရေးတွင် ပါဝင်ခွင့် ကန့်သတ်ခံရခြင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများအတွက် နေရာကင်းမဲ့ခြင်းတို့သည် နေရပ်ပြန်ရန် ဘေးကင်းသည်ဟူသော အချက်ကို မှားယွင်းစေကြောင်း ထောက်ပြထားသည်။

မြန်မာနိုင်ငံသားများအတွက် ဘေးကင်းမှုကို ဆုံးဖြတ်ရာတွင် အရပ်သားများအပေါ် တိုက်ခိုက်မှု ရပ်တန့်ခြင်း၊ နိုင်ငံရေးအကျဉ်း သားများ လွှတ်ပေးခြင်းတို့ကဲ့သို့သော “အကာအကွယ်ပေးမှု ဆိုင်ရာ ညွှန်းကိန်းများ” (Protection Indicators) ပေါ်တွင်သာ အခြေခံသင့်ကြောင်း၊ အမေရိကန်၏ မြန်မာ့အရေး သဘောထားမှာ ရှေ့နောက်မညီသော ရပ်တည်ချက်များရှိနေပြီး အမေရိကန်အစိုးရ ကိုယ်တိုင်ကပင် မြန်မာ နိုင်ငံ၏ အခြေအနေမှာ အန္တရာယ်ရှိနေဆဲဖြစ် သည်ကို မကြာသေးမီကပင် အသိအမှတ်ပြုထားကြောင်း၊ ၂၀၂၅ ခုနှစ် ဖေဖော် ဝါရီလ ၄ ရက်နေ့ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေကို သမ္မတက ဆက်လက် သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့နှင့် စက်တင်ဘာလ ၂၆ ရက်နေ့တို့တွင် မြန်မာစစ်တပ်ထံသို့ လက်နက်ရရှိအောင် ကူညီနေသူများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ကုလ သမဂ္ဂ အထွေထွေညီလာခံ တွင် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများသည် ပိုမိုဆိုးရွားလာသည်ဟု အမေရိကန်က ပြောကြားခဲ့ကြောင်း သိရှိရသည်။

အမေရိကန်အနေဖြင့် ICCPR နှင့် နှိပ်စက်ညှင်းပန်းမှု ဆန့်ကျင်ရေးစာချုပ် (CAT) တို့တွင် ပါဝင်ထားသည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် လူတစ်ဦးအား နှိပ်စက်ခံရမည့် သို့မဟုတ် အသက်အန္တရာယ်ရှိသော နေရာသို့ အတင်းအဓမ္မ ပြန်မပို့ရန် တာဝန်ရှိကြောင်း၊ ကုလသ မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း မြန်မာနိုင်ငံသားများကို နေရပ်ပြန်မပို့ရန် (Non-return advisory) တိုက်တွန်းထားကြောင်း သိရှိရသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အမေရိကန်ပြည်ထဲရေးဝန်ကြီးထံသို့ ပေးပို့သော စာတွင် မြန်မာနိုင်ငံသို့ နေရပ်ပြန်ရန် “ဘေးကင်းပြီ” ဟု ဆုံးဖြတ်ရသည့် ခိုင်လုံသော အထောက်အထားများကို ရှင်းပြပေးရန်၊ အတင်းအဓမ္မ နေရပ်ပြန်မပို့မိစေရန် မည်သို့သော လုပ်ထုံးလုပ်နည်းများ ချမှတ်ထားသည်ကို ဖော်ပြပေးရန်၊ အထူးသဖြင့် တက်ကြွလှုပ်ရှားသူများ၊ သတင်း ထောက်များနှင့် လူနည်းစုဝင် များကဲ့သို့ အန္တရာယ်ရှိနိုင်ခြေ မြင့်မားသူများကို မည်သို့ ဆန်းစစ်မည်ကို ရှင်းပြပေးရန် တောင်းဆိုထားသည်။

မြန်မာနိုင်ငံအတွင်းရှိ လက်ရှိအခြေအနေများကြောင့် TPS ရပ်စဲမည့် ဆုံး ဖြတ်ချက်ကို ပြန်လည်သုံးသပ်ပေးရန်နှင့် နိုင်ငံတကာ တာဝန်ဝတ္တရားများကို ချိုးဖောက်၍ နေရပ်ပြန်ပို့ခြင်းများ မလုပ်ဆောင်ရန် ကုလသမဂ္ဂအထူးကိုယ် စားလှယ်က တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article