24 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးဝင်ရောက်စွက်မှုကို မြေပြန့်တော်လှန်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ ချိတ်ဆက်ပူးပေါင်းပြီး စုစုစည်းစည်းနဲ့ တွန်းလှန်နိုင်ရင် ကြောက်စရာမလိုဘူး လို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော်အဖွဲ့ဝင် ပီတာသန်းရွှေက ပြောပါတယ်။

စစ်ကိုင်းမြို့အထွက် စစ်တပ်တပ်စွဲထားတဲ့ ကံတလူတိုးဂိတ်ကို PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ဂိတ်တစ်ခုလုံးကို မိုင်းခွဲရှင်းလင်းခဲ့တယ်လို့ စစ်ကိုင်း PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့မစိုးရိမ်ကျောင်းနဲ့ မောနေယကျောင်းတိုက်မှာတပ်စွဲထားတဲ့စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မိုးကုတ်တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းကို ပြောပါတယ်။

အာဖရိကနိုင်ငံဖြစ်တဲ့ တန်ဇန်းနီးယားမှာ ရွေးကောက်ပွဲနေ့ အင်တာနက်ဖြတ်တောက်မှုအတွက် တန်ဇန်းနီးယားသမ္မတက နောင်တရကြောင်း ပထမဆုံးအကြိမ် ပြောကြားလိုက်ပြီး ရွေးကောက်ပွဲအပြီးမှာ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article