22.3 C
Yangon

ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာသို့ ဒရုန်းဖြင့် ဗုံးကျဲမှု ဗိုလ်ချုပ်ဟောင်း စိုးမောင်၏ တူဖြစ်သူ ပျူစောထီးခေါင်းဆောင်လင်းထင် အပါအဝင် ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာသို့ ဒရုန်းဖြင့် ဗုံးကျဲမှု ဗိုလ်ချုပ်ဟောင်း စိုးမောင်၏ တူဖြစ်သူ ပျူစောထီးခေါင်းဆောင်လင်းထင် အပါအဝင် ၁၀ ဦးသေဆုံး သွားကြောင်း ရေစ ကြိုပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်အချိန် ရေစကြိုမြို့နယ်၊ ရေစကြို -ပခုက္ကူကားလမ်း ဘေး ဆင်ချောင်းပျူစောထီးရွာတွင် ခြင်းခတ်နေသည့် ပျူစောထီးအဖွဲ့ကို ရေစကြို ပကဖအဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆင် ချောင်းရွာ ပျူစောထီးခေါင်းဆောင် လင်းထင် (ခ) ငလင်းအပါအဝင် ၁၀ ဦး ခန့်သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ဆင်ချောင်းရွာ ပျူစောထီးခေါင်းဆောင်မှာ စစ်တပ်အငြိမ်းစား ဝန်ကြီးဟောင်းနှင့် ဗိုလ်ချုပ်ဟောင်း စိုး မောင်၏ တူမဖြစ်သူနှင့် အိမ်ထောင်ကျထားသော တူတော်စပ်သူဖြစ်ကြောင်း၊ ဗိုလ်ချုပ်ဟောင်း စိုးမောင်၏ အရှိန်အဝါဖြင့် လက်နက်ခဲယမ်းအင်အား တောင့်တင်းသော ကြောင့် ပြည်သူလူထုအပေါ် ဆက်ကြေးကောက်ခံ ခြင်း၊ မိန်းကလေးများအား ဖမ်းဆီးပြီး မုဒိမ်းကျင့် ခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

“လက်ရအရှင်ဖမ်းဆီးဖို့ပဲ၊ ဒါပေမယ့် အခြေအနေက တော်တော်ကြာနေတဲ့အခြေအနေဖြစ်သွားတာ ပေါ့၊ ကျနော်တို့ ကင်းထောက်နေတာကလည်း ကြာသွားတာနဲ့ဆိုတော့ တစ်ခါတည်းပဲ အသေ ရှင်း လင်းလိုက်ရတော့တာ၊ ကင်းထောက်နေတာက ကြာပြီ။ ဒီကောင်က‌ တော်တော်ဆိုးတဲ့ကောင်၊ မုဒိမ်း မှုတွေဆိုရင် သူ့တပည့်တွေ ဖမ်းမိထားတဲ့သူတွေရဲ့ ထွက်ဆိုချက်အရကိုက လေးငါးမှုလောက်ရှိ တယ်။ သူတို့မထင်တဲ့ မိန်းကလေးတွေဆိုရင် ဖမ်းတယ်၊ ဖမ်းပြီးတော့ အချုပ်ထဲထည့်ထားတယ်၊ ထည့်ပြီးတော့ ဒီကောင်အရင် မုဒိမ်းကျင့်တယ်။ ပြီးတော့ သူ့တပည့်တွေကို တယောက်တလှည့်စီ အချုပ်ခန်းထဲဝင်ပြီး မုဒိမ်းကျင့်ခိုင်းတာရှိတယ်။ ဆိုးတာက တော်တော်ဆိုးတယ်။ ဗိုလ်တွေဘာတွေ လည်း မထင်ရင်မထင်သလို ဆဲဆိုတာတွေ လက်ပါတာတွေက အစရှိတယ်။ အဲကြောင့် ကျနော်တို့ က လိုက်နေတာ၊ ကြာပြီ၊ ဒါပေမယ့် သူတို့က ရေစကြို-ပခုက္ကလမ်းကြားထဲမှာနေတာဆိုတော့ ကျ နော် တို့က လုပ်ရကိုင်ရ ခက်ခဲလို့ အချိန်က နည်းနည်း ကြသွားတာ။ ဖမ်းတာကတော့ အရှင်ဖမ်းချင် တာ၊ ဒါပေမယ့်နောက် ဆုံး အသေပဲ တိုက်ခိုက်လိုက်ရတော့တာ” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မိန်းကလေးငယ်များအပေါ် မုဒိမ်းမှုမြောက်များစွာကျူးလွန်ထားပြီး ပြည်သူလူထုကို မိုက်ရိုင်းစော်ကားနေသောကြောင့် ငလင်း (ခ)လင်းထင်ကို အရှင်ဖမ်ဆီးနိုင်ရေးအတွက် ရေစကြိုပကဖမှ ရဲဘော်များက ကင်းထောက် နေခဲ့ရာ ၁ လကျော်ကြာမြင့်ခဲ့​ကြောငး်၊ လက်ရဖမ်းဆီးခြင်းထက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းက ပိုမို အခွင့်သာသောကြောင့် တိုက်ခိုက်ရှင်းလင်းလိုက်ရခြင်းဖြစ်ကြောင်း ရေစကြိုပကဖက အသိပေး ထားသည်။

“ဒရုန်းနဲ့ ဆယ့်လေးငါးလုံးလောက်ချခဲ့ရတာ၊ သူတို့ခြင်းခတ်နေတဲ့အချိန်ချခဲ့တာ၊ မနေ့က ပခုက္ကူ ကနေ သံပြားကာ ကား ၂ စီးနဲ့ အင်အားကလည်း ၂၀၀ လောက်ရှိတယ်၊ ဆင်ချောင်းဘက်ကို လာပြီး တော့ သူတို့ကို ပခုက္ကူဘက်သယ်သွားတယ်ထင်တယ်၊ မနေ့က အဲဒါတွေရှုတ်နေတယ်။ ပခုက္ကူမြို့ ပေါ်ကနေ ဟောင်ဝှစ်ဇာတွေလည်း ထုတယ်။” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိအချိန်တွင် ယုတ်မာရိုင်းစိုင်းသည့် ငလင်း (ခ) လင်းထင်၏ လက်ပါးစေပျူစောထီးများ ရှက်ရမ်း ရမ်း နေသည့်အချိန်ဖြစ်သောကြောင့် ခရီးသွားပြည်သူလူထုများအနေဖြင့် အထူးသတိပြု သွားလာ ကြပါရန် ရေစကြိုမြို့နယ်(ပ.က.ဖ)က သတိပေးထားသည်။

ဗိုလ်ချုပ်ဟောင်း စိုးမောင်သည် ရေစကြိုမြို့နယ် ဇာတိဖြစ်ပြီး သန်းရွှေလက် ထက်တွင် စစ်ဥပဒေချုပ်အဖြစ် တာ ဝန်ယူခဲ့ကာ သိန်းစိန်အစိုးရ လက်ထက်တွင် သမ္မတရုံးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူဖြစ်သည်။

ထို့အပြင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီမှ ၎င်း၏ ဇာတိဖြစ်သော ရေစကြိုမြို့နယ် ပြည် သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ NLD လွှတ်တော်အမတ် ဦးမြင့်လွင်ဦးကို ရှုံးနိမ့်ခဲ့သည်။ ၂၀၂၀ ခုနှစ်ရွေး ကောက်ပွဲတွင်လည်း အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP) အမည်ဖြင့် ကိုယ်ပိုင်ပါတီထောင်ကာ ရေစကြိုမြို့နယ်ပြည်သူ့လွှတ်တော်မဲန္ဒနယ်မှပင် ထပ်မံ ရွေးချယ်ခံခဲ့သော်လည်း NLD ပါတီကို ရှုံးနိမ့်ခဲ့ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article