22.3 C
Yangon

ဖြူးနှင့် ဒီပဲယင်း မြို့နယ်တွင် စစ်တပ် တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ပဲခူးတိုင်း၊ ဖြူးမြို့နယ် မုန်း-အုတ်ဖြတ်လမ်းပိုင်း စစ်တောင်းမြစ် တံတားပေါ်၌ တပ်စွဲထားသော စစ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Falcons Guerilla Force စွန်ရဲ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀နာရီခန့်တွင် ဖြူးမြို့နယ် မုန်း-အုတ်ဖြတ် လမ်းပိုင်း စစ်တောင်းမြစ် တံတားပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးကာ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“မုန်း-အုတ်ဖြတ် လမ်း စစ်တောင်းမြစ် တံတားပေါ်၌ တပ်စွဲထားတဲ့ စစ်ခွေး အင်အား မသိရပါဘူး။ ဘန်ကာအခိုင်အမာဆောက်ပြီးနေကြတာ စစ်ခွေးသေစာရင်းက ထပ်တိုးသေဆုံးတာမျိုးမရှိပါဘူး။ ကျနော်တို့ အဝေးက စနိုက်ပါနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟုFalcons Guerilla Force စွန်ရဲ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း(၈) နှင့် ARMSတပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်တွင် ရိက္ခာရှာရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၄ မှ ပြန် ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့ပေါ် ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော စခန်းမှ ရိက္ခာရှာ ထွက်လာသော စစ်သားများကို ဒီပဲယင်းမြို့ အတွင်း တနေရာ၌ တော်လှန်ရေး တပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးသေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“ဒီပဲယင်းမြို့ပေါ် မှာ ရိက္ခာရှာဖို့ ထွက်လာတဲ့ စစ်ခွေးတွေကို ကျွန်တော်တို့ အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်း အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေဘက်က ၂ ဦးကတော့ နေရာတင် ပွဲချင်းပြီးသေဆုံးတယ်။ ၃ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ စစ်ခွေးဘက်ကတော့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးမရှိပါဘူး”ဟု ရွှေဘိုခရိုင် တပ်ရင်း ၂၄ မှ ပြန် ကြားရေးတာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒီပဲယင်းမြို့ပေါ် ဘုံဘေးမ ပကဖ ၊ ရွှေဘိုခရိုင်တပ်ရင်း၂၄ နှင့် ရေဦး Column မိုင်းပူးပေါင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article