24 C
Yangon

မြိတ်- ထားဝယ်နှင့် ဒူးပလာယာခရိုင်တို့တွင် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများက ကန့်ကွက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ကရင်အမျိုးသား အစည်းအရုံး-KNU ထိန်းချုပ်ထားသော မြိတ်- ထားဝယ်နှင့် ဒူးပလာယာခရိုင်တို့တွင် ပြည်သူများက အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြကြကြောင်း သိရှိရသည်။

အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်သော ရွေးကောက်ပွဲမှာ အတု အယောင်သာဖြစ်၍ ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုသည့်အပြင် စစ်မှန်သည့် ဒီမိုကရေစီရွေးကောက်ပွဲ စနစ်တစ်ရပ် မဟုတ်ကြောင်း၊ နိုင်ငံတကာ အသိအမှတ်ပြုခြင်း မဟုတ်သော ရွေးကောက်ပွဲဖြစ်ကြောင်း ပြည်သူများက ချီတက် ဆန္ဒပြကြသည်။

ပြည်သူ့ဆန္ဒ မပါသော အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင် ဆန္ဒပြကြရာတွင် မြို့နယ် အသီးသီးရှိ လူထုခေါင်းဆောင်များက ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ဟောပြောခြင်းများ၊ လက်ကမ်းစာစောင်ဝေငှခြင်းများ၊ ပိုစတာနှင့်တကွ စီတန်းလှည့်လည်ခြင်း နှင့် ပြည်သူကို ညှဉ်းဆဲ သတ်ဖြတ်သည့်အစိုးရ အလိုမရှိ၊ စစ်အာဏာရှင် အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ၊ စစ်အာဏာရှင် စနစ် နှင့် မဟာလူမျိုးကြီးဝါဒ အလိုမရှိ၊ လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်မှု တည်ဆောက်ရေးနှင့် ကော်သူးလေ အစိုးရ တည်ဆောက်ရေး စသည့် ကြွေးကြော်သံများ ကြွေးကြော်ချီတက်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article